အင်အားကြီးမားတဲ့ မဲ့တယ်တိုင်းရင်းသားတွေနှင့် အင်အားနည်းပါးတဲ့ ချင်းနွယ်ဖွား ကူကီးတိုင်းရင်းသာတွေကြားမှာ ဖြစ်ပွါးခဲ့တဲ့ အပြန်အလှန်ရန်ညှိုးဖွဲ့တိုက်ခိုက်သတ်ဖြတ်မှုတွေကြောင့် တင်းမာနေဆဲဖြစ်တဲ့ မဏိပူရအရေး ပိုမိုဆိုးရွားလာစေဖို့ မသမာသူတွေက သတင်းမှားတွေ အင်တာနက်ထဲကို လွှင့်တင်နေတယ်။
လွန်ခဲ့တဲ့မေလ၃ရက်မှာစတင်ဖြစ်ပွါးခဲ့တဲ့ မဏိပူရအရေးမှာ သတင်းမှားတွေနဲ့ ကောလာဟလတွေ ပြန့်ပွါးလာခြင်းမရှိအေင်ပြည်နယ်အာဏာပိုင်တွေက အင်တာနက်ကို မဏိပူရပြည်နယ်ထဲမှာ ပိတ်ပစ်လိုက်တယ်။ အဲဒါတောင်မှ သတင်းမှားတွေကို လုပ်ကြံဖန်တီးပြီး ဖြန့်ကြပြန်သေးတယ်။ အင်တာနက်သုံးမရတော့ လက်ကိုင်ဖုန်းထဲကနေ စာတိုပို့ပြီး သတင်းမှားတွေဖြန့်ကြသေးတယ်လို့ ဆိုတယ်။
မကြာသေးခင်က အိန္ဒိယမှာပွဲဆူလောက်တဲ့ အမျိုးသမီးလိင်အကြမ်းဖက်ခံရမှုဗီဒီယိုဖိုင်မရရအောင်ရှာကြံဖန်တီးပြီးလွှင့်တင်လိုက်လို့ အခုဆိုရင် ဝန်ကြီးချုပ်နာရင်ဒရာမိုဒီနဲ့သူဦးဆောင်တဲ့အစိုးရကို အတိုက်အခံဖက်က ပါလီမန်မှာ အယုံအကြည်မရှိအဆိုတင်သွင်းဖို့တောင်းဆိုနေကြပြီ။
အိန္ဒိယအခြေစိုက် သတင်းမှားတိုက်ဖျက်ရေးဝက်ဘ်ဆိုက်တစ်ခုက မဏိပူရအရေးသတင်းမှားတွေထဲကတချို့ကို ဇူလိုင်၂၇မှာ သက်ဆိုင်တဲ့သူတွေ အမှားအမှန်သိရအောင် အထောက်အထားနဲ့တကွ ဖော်ထုတ်လိုက်တယ်။
မဲ့တယ်သူနာပြုဆရာမကို ကူကီးတွေအုပ်စုဖွဲ့မုဒိန်းကျင့်သတ်ဖြတ်ခံရပြီး အလောင်းကိုပလတ်စတစ်အိတ်ထဲထည့်ပြီးစွန့်ပစ်လိုက်တယ်ဆိုတဲ့ ဝှတ်စ်အက်ပ်ကဓာတ်ပုံက အစစ်မဟုတ်ဘူး။ မဲ့တယ်အမျိုးသမီး ၃၇ဦးမုဒိန်းကျင့်ပြီးအသတ်ခံရတဲ့ ဓာတ်ပုံတွေဆိုတာလည်း လုပ်ကြံထားတာသာဖြစ်တယ်။
ဇွန်လနှောင်းပိုင်းမှာ ကူကီးအမျိုးသမီးတစ်ဦးလမ်းပေါ်မှာ ပစ်သတ်ခံရတယ်ဆိုတာကလည်း မဏိပူရမှာဖြစ်တာမဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တာ စသည်ဖြင့် ဖော်ထုတ်လိုက်တယ်။
Ref:BBC