မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ဖြူဘကျေးရွာ၊ မိုင်တိုင်အမှတ် (၁၆၃/၃)အနီးမှာ အောက်တိုဘာလ၁၄ရက်နေ့လယ်ပိုင်းကသစ်ပါးလွှာတင်တွဲကား အရှိန်လွန်ပြီး ဆိုင်ကယ်တစ်စီးပေါ်ကို တိမ်းမှောက်ခဲ့တာကြောင့် ဆိုင်ကယ်မောင်းနှင်လာသူအမျိုးသမီးသေဆုံးခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


ယာဥံတိမ်းမှောက်မှုကြောင့် သေဆုံးသွားတဲ့အမျိုးသမီးဟာဇင်းကျိုက်မြို့နယ်နေသူဖြစ်ပြီး သေဆုံးသွားသူရဲ့ရုပ်အလောင်းကို လူမှုကူညီရေးအသင်းက မော်တော်ယာဥ်နဲ့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Visited 1 times, 1 visit(s) today