သင်္ဃန်းကျွန်းမှာ ကျပ်သိန်း၁၂၀၀တန်ဖိုးရှိတဲ့ စိတ်ကြွရူယသွပ်ဆေးပြားတွေ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉) ရပ်ကွက်မှာ အောက်တိုဘာလ ၆ ရက်နေ့ညေ၆နာရီ၅၀မိနစ်က အမျိုးသားနှစ်ဦးဆီကနေ ကာလတန်ဖိုးငွေကျပ်သိန်း ၁၂၀၀တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား (၁၂၀၀၀၀)ပြားကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိမှုဖြစ်စဥ်မှာ အောက်တိုဘာလ ၆ ရက်နေ့ည၆နာ ရီ၅၀မိနစ်က သတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သသက်သေများနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉) ရပ်ကွက်၊ ပေါ်ဆန်းမွှေးလမ်းမှာ ဇော်အေးနောင်(ခ) နောင် နောင် မောင်းနှင်ပြီး မောင်ဦးမျိုးမင်း(ခ) မျိုးမင်းဇော် လိုက် ပါလာတဲ့ မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားမှာ တင်ဆောင်လာတဲ့ လက်ဆွဲအိတ်အ တွင်းက စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ပြား(ဒေသကာ လပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၀၀)နဲ့လက်ကိုင်ဖုန်း ၂ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ည၇နာရီ၃၀မိနစ်က ၎င်းတို့နေထိုင်တဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက်၊ မီးဒုံး(၁)လမ်းက နေအိမ်အတွင်းကနေ စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၉၀၀)ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့တာလို့ သိရပါတယ်။

စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့အတူဖမ်းဆီးရမိခဲ့တဲ့ ဇော်အေးနောင်(ခ) နောင်နောင်(၃၆)နှစ် နှင့် မောင်ဦးမျိုးမင်း(ခ) မျိုးမင်းဇော်(၃၅)နှစ်တို့ကို သုဝဏ္ဏနယ်မြေရဲစခန်းမှာ မူး ယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *