သင်္ဃန်းကျွန်းမြို့နယ်မှာ အိမ်ရှင်ကို လည်ပင်းဓါးနဲ့လှီးပြီး ပစ္စည်းလုတဲ့ အနုကြမ်းစီးလုယက်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊သွပ်ဝိုင်းကြီးရပ်ကွက်၊ နီလာလမ်းက နေအိမ်တစ်အိမ်တစ်အိမ်မှာ အိမ် ရှင်ကို လည်ပင်းဓါးနဲ့လှီးပြီး ပစ္စည်းလုတဲ့ အနု ကြမ်းစီးလုယက်မှုတစ်ခု နိုဝင်ဘာလ၂၃ရက် မွန်းလွဲ၂ နာရီခွဲလောက်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနေ့က နေ့လယ်လောက်က နီလာလမ်းထဲက နေအိမ်တစ်အိမ်မှာ အိမ်ရှင်ကို လည်ပင်းဓါးနဲ့လှီးသတ်ပြီး အိမ်ထဲ ပစ္စည်းတွေကို လုဖို့တာကို ရပ်ကွက်နေပြည်သူတွေ အသိမြန်လို့ အနုကြမ်းစီးဖို့လာတဲ့ လူနှစ်ယောက်ထဲက တစ်ယောက်က ဖမ်းမိပြီး တစ်ယောက်ကတော့ လွတ်သွားတယ်”လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

လည်ပင်းကို ဓါးနဲ့လှီးဖြတ်ခံခဲ့ရတဲ့ သက်ကြီးပိုင်းအမျိုး သားဟာ သွေးထွက်လွန်နေတဲ့အတွက် ရပ်ကွက်နေပြည်သူများက Taxiနဲ့ ဆေးရုံကို ပို့လိုက်တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ အနုကြမ်းစီးသူအမျိုးသားကိုလည်း ရပ် ကွက်နေပြည်သူများက သက်ဆိုင်ရာနယ်မြေရဲ စခန်းကို ပို့ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *