ရန်ကုန်တိုင်းဒေသကြီး ၊သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်က နေအိမ်တစ်အိမ်မှာ ဒီဇင်ဘာလ၁ရက်နေ့မနက်ပိုင်းက အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဌ ဦးသန်းထွန်း ကို အမည်မသိလူတချို့မှ သေနတ်နဲ့ပစ်ပြီး လုပ်ကြံသတ်ဖြတ်တာကိုခံခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။


ဖြစ်စဥ်ကတော့ ဒီဇင်ဘာလ၁ရက်မနက်၈နာရီ၁၅မိနစ်က ရန်ကုန် တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ် ကွက်၊အပိုင်း (၃)၊ (၃) လမ်း၊ အမှတ် (၆၂၉)က “မကြီး” မိတ္တူဆိုင်မှာ အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဌ ဦးသန်းထွန်းရှိနေချိန် အမည်မသိအ မျိုးသား၂ယောက် မိတ္တူဆွဲမယ်ဆိုပြီး ရောက်ရှိလာကာ ဦးသန်းထွန်းကို သေနတ်နဲ့ အနီးကပ်လေးချက်ပစ်ပြီး ထွက်ပြေးသွားခဲ့ရာ ဦးသန်းထွန်းဟာ ဝဲရင်အုံ ကျည်ထိမှန်ဒဏ်ရာ တစ်ချက်၊ ယာရင်အုံ ကျည်ထိမှန်ဒဏ်ရာတစ်ချက်၊ ဝဲလက်ဖျံ ကျည်ထိမှန်ဒဏ်ရာတစ်ချက်၊ ယာလက်မောင်းရင်း ကျည်ထိမှန်ဒဏ်ရာ တစ်ချက် တို့ရရှိခဲ့တာကြောင့် မြောက်ဥက္ကလာက မေဓါဝီဆေးရုံကို ပို့ ဆောင်ခဲ့ပေမယ့် ဆေးရုံမရောက်မီ သေဆုံးသွားခဲ့တာလို့သိရပါတယ်။
အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသန်းထွန်း (၅၅ နှစ်)ဟာ သင်္ဃန်းကျွန်းမြို့နယ် NLD လူငယ်အဖွဲ့ဝင်ဟောင်းဖြစ်ပြီး ၈၈၈၈ အရေးအခင်းမှာ ပါဝင်ခဲ့သူဖြစ်ကာ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲအပြီးမှာ ဦးသိန်းညွန့် နှင့်အမျိုးသားဒီမိုကရေစီပါတီသစ်ကိုတည်ထောင်ပြီး ပါတီရဲ့ဒုဥက္ကဋ္ဌတာဝန်ကို ယူခဲ့သူဖြစ်ပြီး လက်ရှိအ ချိန်မှာတော့ ဥက္ကဋ္ဌဦးသိန်းညွန့် က နစကောင်စီဝင်ဖြစ် နေတာကြောင့် ဦးသန်းထွန်းက ဥက္ကဋ္ဌတာဝန်ကို လွှဲ ပြောင်းရယူခဲ့ရထားသူဖြစ်ပါတယ်။



