သင်္ကန်းကျွန်းမှာ သစ်ပင်ပေါ်က ပြုတ်ကျပြီး အမျိုး သားတစ်ဦးသေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊ကြီးပွားရပ် ကွက်မှာ ဒီဇင်ဘာလ၁၃ရက်မနက်၁၁နာရီက သစ် ပင်ပေါ်က ပြုတ်ကျပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Photo- Medical လူငယ်များ လူမှုကူညီရေးအသင်း

“ဘယ်ကနေ ဘယ်လိုပြုတ်ကျခဲ့တာလဲဆိုတာတော့ သေချာမသိဘူး။သစ်ပင်ပေါ်ကနေပြုတ်ကျပြီး ခေါင်းနဲ့ကျတာဖြစ်နိုင်တယ်။ပြုတ်ကျတဲ့နေရာမှာတင် သေသွားတာပါ”လို့ ဒေ သခံတစ်ဦးက ပြောပါတယ်။

သေဆုံးသွားသူရဲ့ရုပ်အလောင်းကို Medical လူငယ်များလူမှုကူညီရေးအသင်းက မော်တော်ယာဥ်နဲ့ သင်္ကန်းကျွန်းစံပြဆေးရုံကို ပို့ ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *