သင်္ကန်းကျွန်းမှာ ရပ်ထားတဲ့သဲကားကို လိုက်ထရပ် ကားက နောက်နေ ဝင်တိုက်မိမှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊သင်္ကန်းကျွန်းမြို့နယ်၊သံသုမာလမ်း၊င/က ရပ်ကွက်၊အဲဗား အိမ်ဆောက်ပစ္စည်းရောင်း ဝယ်ရေးဆိုင်ရှေ့မှာ ဒီဇင်ဘာလ၇ရက် ည၁၀နာရီ၄၈မိ နစ်က ရပ်ထားတဲ့သဲကားကို လိုက်ထရပ်ကားက နောက်နေ ဝင်တိုက်မိမှုဖြစ်ပွားခဲ့ပြီး လိုက်ထရပ်ယာဥ်မောင်း ခေါင်းခန်းထဲညှပ်မိနေတာကြောင့် လူမှုကူညီရေးအ သင်းတွေက ကူညီကယ် ဆယ်ပေးခဲ့ရတယ်လို့ သုဝဏ္ဏပရဟိတအသင်းဆီက သိရပါတယ်။

ခေါင်းခန်းထဲညှပ်မိနေတဲ့ လိုက်ထရပ်ယာဥ်မောင်းကို ကောင်းမှုဆောင်အသင်းက ကက်တာကို အသုံးပြုပြီး ညှပ်နေသောယာဥ်မောင်းကို ကူညီကယ်ထုတ်ပေးခဲ့ကာ ဆန်ရေအသင်းက မော်တော်ယာဥ်နဲ့ လူနာကို ဆေးရုံကို ကူညီပို့ ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 32 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *