ဖေဖော်ဝါရီ၊၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ အောင်ဇေယျ(၁)လမ်းမှာ ဖေဖော်ဝါရီ လ၂ ရက်နေ့ည၇နာရီအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး တိုက်ခန်းအချို့ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ရပ်ကွက်နေသူအချို့ဆီက သိရပါတယ်။


“မြေညီထပ်အထည်ဆိုင်ကစလောင်တယ်ပြောတယ်။ဘာကြောင့်လောင်တယ်မသိရသေးမီးကသုံးလွှာထိတက်တယ် ၊ဝိုင်းငြိမ်းကြတာပဲ အထည်ဆိုင်အကုန်ကုန်ပြီ”လို့ရပ်ကွက်နေသူတဦးက ပြောပါတယ်။


မိနစ်၂၀နီးပါးလောင်ကျွမ်းခဲ့ရပြီး မီးလောင်ရာနေရာကိုသင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်တွေနဲ့ သာကေတမြို့နယ်မီးသယာဥ်အပါအဝင် လူမူကူညီရေးအသင်းတွေက ကူညီငြှိမ်းသတ်ခဲ့ကြတယ်လို့သိရပါတယ်။
Visited 62 times, 1 visit(s) today



