သင်္ကန်းကျွန်းမြို့နယ်မှာ နေအိမ်အတွင်း ပုပ်ပွသေဆုံးနေတဲ့လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးရုပ်အ လောင်းတွေ့ရှိ

ရန်ကုန်တိုင်းဒေသကြီး၊သင်္ကန်းကျွန်းမြို့နယ်၊ဃ ရပ် ကွက်၊သင်္ဂဟလမ်းက အမှတ်-၂၁ (မြေညီထပ်)နေအိမ်အတွင်းမှာ ဒီဇင်ဘာလ၁ရက်နေ့ မနက်၈နာရီ၁၅မိနစ်က ပုပ်ပွသေဆုံးနေတဲ့ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ သုဝဏ္ဏပရဟိတအ သင်းဆီက သိရပါတယ်။

“ချော်လဲပြီးသေနေတာလို့တော့ ကြားမိတယ်။သေနေတာ သုံးလေးငါးရက်လောက်တော့ ရှိပြီထင်တယ်။ပတ်ဝန်းကျင်ကလူတွေက ပုပ်စော်တွေနံနေလို့ အိမ်ထဲကို တာဝန်ရှိသူတွေနဲ့ ဝင်ကြည့်ကြတော့ ပုပ်ပွနေတဲ့အ လောင်းကို တွေ့ရတာပါ” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

သေဆုံးနေသူရဲ့ရုပ်အလောင်းကို သုဝဏ္ဏပရဟိတအ သင်းက မော်တော်ယာဥ်နဲ့ သုသာန်ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *