သင်္ကန်းကျွန်းက ငမိုးရိပ်ချောင်းထဲမှာ အမျိုးသားတစ်ဦးရုပ်အလောင်းတွေ့ရှိ

■သေဆုံးနေသူမှာ လွန်ခဲ့တဲ့၆ရက်ကတည်းက ရေနစ်ခဲ့သူဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊ ကမာကြည်တံတားအနီးက ငမိုးရိပ်ချောင်းထဲမှာ ဖေဖော်ဝါရီ ၁၂ ရက်

နေ့ညနေပိုင်းက အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ လူမှုကူညီရေးဆောင်ရွက်သူအသိုင်း အဝိုင်းက သိရပါတယ်။

“အခုတွေ့တဲ့အလောင်းက ပြီးခဲ့၆ရက်လောက်က ချောင်းထဲမှာ ရေနစ်သေခဲ့တဲ့အမျိုးသားရဲ့ ရုပ်အလောင်းပါ။အ လောင်း ရေပေါ်ပေါ်တဲ့အချိန်မှာ ပုပ်ပွပြီးအရေပြားတွေလည်း လန်ထွက်နေပါပြီ။သေတဲ့ကျောပေါ်မှာတော့တက် တူးတွေပါတယ်”လို့ လူမှုကူညီရေးအသင်းသားတစ်ဦးက ပြောပါတယ်။

သေဆုံးသူရဲ့ရုပ်အလောင်းကို သုဝဏ္ဏ ပရဟိတအသင်း၊ ရှင်သန်ခွင့်လူမှုကူညီရေးအသင်း၊ 7 Day လူမှုကူညီရေးအသင်း၊ ရှင်သန်ရေးကူညီမှုအသင်းနဲ့ တူညီသောတွဲလက်များအသင်းတို့ ပူးပေါင်းပြီး ချောင်းထဲက ဆယ်ယူပြီး သင်္ဃန်းကျွန်းစံပြဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 11 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *