နယူးဒေလီ၊ ဩဂုတ် ၁၃
အနောက်ဘင်္ဂလားပြည်နယ် အရှေ့ပိုင်းမှာ သင်တန်းသား ဆေးမှူးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရပြီး တဲ့ နောက် ကျန်းမာရေးဝန်ထမ်းတွေအတွက် ပိုမိုကောင်းမွန်တဲ့ အကာအကွယ်ပေးဖို့ အိန္ဒိယတစ်ဝှမ်းက ထောင်နဲ့ ချီတဲ့ ဆရာဝန်တွေက ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ဩဂုတ် ၁၂ရက် တနင်္လာနေ့က ပြည်နယ်အများအပြားမှာရှိတဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့ချုပ်တွေက အမှုကို တရားရုံးက သေသေချာချာ ကိုင်တွယ်ဖို့နဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အခုထက်ပိုပြီး လုံခြုံတဲ့ အကာအကွယ်ပေးရေးကော်မတီတစ်ရပ်ဖွဲ့စည်းပြီး အစိုးရကို တောင်းဆို နေကြပါတယ်။
“နိုင်ငံတစ်ဝှမ်းက ဆရာဝန် ၃၀၀၀၀၀ လောက်က ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြပြီး မနက်ဖြန် ဩဂုတ် ၁၃ရက်နေ့မှာ ထပ်ပူးပေါင်းဖို့ မျှော်လင့်ထားပါတယ်” လို့ ဌာနေဆရာဝန်များအသင်းအဖွဲ့ချုပ် (FORDA)ရဲ့ အထွေထွေ အတွင်း ရေးမှူး ဒေါက်တာ ဆာဗေ့ရှ်ပန်ဒီက ပြောပါတယ်။
ကာလကတ္တားနဲ့ မြို့တော်ဒေလီက ဆရာဝန်တွေ ကတော့ “ကျွန်နော်ကျွန်မတို့ရဲ့ ဆရာဝန်တွေကို ကယ်တင်ပါ၊ ကျွန်နော်တို့ရဲ့အနာဂတ်ကို ကယ်တင်ပါ” ဆိုပြီး ရေးထားတဲ့ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ တောင်ပိုင်း ဟိုက်ဒရာဘတ်မြိုခံ ဆရာဝန်တွေကလည်း ဖယောင်းတိုင်မီးထွန်းကာ နိုးဆော်နေကြတယ်လို့ သိရပါတယ်။
Ref: CNN
ပုံစာ။ ဆန္ဒဖော်ထုတ်နေကြတဲ့ ဆရာဝန်တွေကို တွေ့ရပုံ
Feature Image Credit: Noah Seelam/AFP/Getty Images



