သင်ဇာဝင့်ကျော်နဲ့နန်းမွေစံတို့ ပြန်လည် လွတ်မြောက်လာ

နစကနေ လွတ်လပ်ရေးနေ့အထိမ်းအမှတ် လွတ်ငြိမ်းသာခွင့်ပေးခဲ့ရာမှာ ထောင်ဒဏ်ကျခံနေရတဲ့ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ သင်ဇာဝင့်ကျော်နဲ့နန်းမွေစံတို့ဟာ ဇန်နဝါရီလ၄ရက်နေ့က ပြန်လည် လွတ် မြောက်လာပြီလို့ နီးစပ်သူတွေဆီက သိရပါတယ်။

သင်ဇာဝင့်ကျော်နဲ့နန်းမွေစံတို့ကို နစကကအီလက်ထရွန်နစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)နဲ့တရားစွဲဆိုပြီး ၂၀၂၂ခုနှစ်သြဂုတ်လအတွင်းက ထောင်ဒဏ်ချမှတ်ခံထားရတာကနေ ပြန်လည်လွတ်မြောက်လာတာလို့ သိရပါတယ်။

Visited 34 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *