လော့စ်အိန်ဂျလိ့စ်၊ မတ် ၁၃
ပေါပ်ဘုရင်မ မက်ဒေါနားရဲ့ မတ်လ ၁၀ရက်နေ့က လော့စ်အိန်ဂျလိ့စ်မြို့မှာ ဖျော်ဖြေခဲ့တဲ့ ပွဲမှာ ဝှီးချဲနဲ့ထိုင်နေတဲ့ ပရိသတ်တစ်ယောက်ကို အမြင်မှားပြီး မတ်တပ်ရပ်အားပေးဖို့ စင်ပေါ်ကနေ လှမ်းပြောအပြီး အမှန်ကို သိသွားလို့ စင်ပေါ်ကနေပဲ ချက်ချင်းပြန်တောင်းပန်ခဲ့ရတယ်လို့ သိရပါတယ်။
မင်ဒေါနားက မတ်လ ၁၀ ရက်နေ့က X မှာ တင်ထားတဲ့ ဗီဒီယိုမှာ စင်အောက်ကပရိသတ် တစ်ယောက်ကို “ဟိုမှာဘာထိုင်လုပ်နေတာလဲ။ မင်းဘာထိုင်လုပ်နေတာလဲ” ဆိုပြီး စင်ပေါ်ကနေ လှမ်းပြောလိုက်တဲ့ ဗီဒီယို တက်လာခဲ့ပြီး ပရိသတ်တွေက ဒေါသတကြီးတွေ တုန့်ပြန်ကုန်ကြတဲ့ အထိ ဖြစ်ခဲ့ပါတယ်။
မက်ဒေါနားက သူပရိသတ်ဟာ ဝှီးချဲ့နဲ့မှန်း သိသွားတော့မှ “ အိုး ဘုရားရေ၊ မင်းဒီမှာရှိနေတာ ဝမ်းသာပါတယ်၊ တောင်းလည်း တောင်းပန်ပါတယ်” ဆိုပြီး စင်ပေါ်က မိုက်နဲ့ လှမ်းတောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
ဗီဒီယို ပျံ့နှံ့သွားပြီးနောက် မက်ဒေါနားကို ဒေါသထွက်နေတဲ့ ပရိသတ်တွေက “သူတို့ ထိုင်နေနေ၊ ရပ်နေနေ အရေးကြီးလို့လား၊ လက်မှတ်ခ ပေးပြီး အဲဒီကို ရောက်ဖို့ အချိန်ယူခဲ့ကြတာ။ မလုံလောက်ဘူးလား???”
“အိုကေ မင်းက ဘာပဲဖြစ်ဖြစ် ထိုင်နေတဲ့ လူတွေကို မခေါ်သင့်ပါဘူး။ မင်းက အင်္ဂလန်က ဘုရင်မ မဟုတ်ပါ။ တချို့လူတွေက မောပန်းနွမ်းနယ်နေတာမျိုး ဒါမှမဟုတ် ထိုင်ဖို့လိုအပ်တဲ့ အနေအထားတွေ ရှိနေတတ်ပါတယ်။ မင်း သူတို့ကို လုံးဝ ထွက်သွားစေချင်သလား” ဆိုပြီး ပရိသတ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်ခဲ့ကြပါတယ်။
ပြသနာဖြစ်တဲ့ ဗီဒီယိုအတိုလေးက TikTok မှာ ကြည့်ရှုသူ ၃ဒသမ ၅သန်းကျော်ရှိပြီး မှတ်တမ်းတစ်ခု ဝင်ခဲ့တယ်လို့လည်း သိရပါတယ်။
Ref: CNA/kt
ပုံစာ။ မက်ဒေါနားရဲ့ထင်ရှားတဲ့ ဖျော်ဖြေဟန် ( လန်ဒန် ၊ ၂၀၂၃၊ အောက်တိုဘာ)
Feature Image Credit: Kevin Mazur / WireImage for Live Nation



