စိတ်ပြောင်းဆေးဝါးတွေကို တွဲကားနဲ့သယ်လာချိန် ဖမ်းမိခဲ့တာဖြစ်
ပဲခူးတိုင်းဒေသကြီး၊ဝေါမြို့နယ်၊ညောင်ခါးရှည်ကျေး
ရွာအနီးမှာ ဧပြီလ၂၅ရက်နေ့မနက်၉နာရီက တွဲကားနဲ့
သယ်လာတဲ့ ကာလတန်ဖိုးငွေကျပ်သိန်း(၃၇၈၀၀) တန် ဖိုးရှိတဲ့ စိတ်ပြောင်းဆေးဝါးတွေကို မူးယစ်ဆေးဝါးနှင့် တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိမှုဖြစ်စဥ်မှာ ဧပြီလ၂၅ရက်နေ့မနက်၉နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့၀င်များပါ၀င်တဲ့ ပူးပေါင်းအဖွဲ့ဟာ သက်သေများနှင့်အတူ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးမှာ မော်တော် ယာဉ်များကို စစ်ဆေးရှာဖွေချိန် ဘုရားကြီးမြို့ဘက်က မော်လမြိုင်မြို့ဘက်ကို နောင်၀င်းထွန်း(ခ)နောင်နောင် မောင်းနှင်ပြီး အောင်ချမ်းသာ နှင့် ဝေဖြိုးကျော် တို့လိုက် ပါလာတဲ့ MAN အမျိုးအစားတွဲယာဉ်ကို ရပ်တန့်စစ် ဆေးရှာဖွေရာ ယာဉ်ပေါ်မှာ သိုဝှက်သယ်ဆောင်လာတဲ့ စိတ်ပြောင်းဆေးဝါးများဖြစ်တဲ့ အိုက်စ်(မက်သ်အဖက်တမင်း) အလေးချိန် ၁၀၀ ကီလို(ဒေသကာလပေါက်ဈေးတန် ဖိုးငွေကျပ်သိန်း ၃၀၀၀၀)၊ ကက်တမင်း အလေးချိန် ၁၃ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း (၇၈၀၀)နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးမိမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး နောင်၀င်းထွန်း (ခ) နောင်နောင် (၂၈)နှစ်၊ အောင်ချမ်းသာ(၂၃)နှစ်နှင့်ဝေဖြိုးကျော်(၂၉)နှစ်တို့ကို ဝေါမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါးများဆိုင်ရာဥပဒေအ ရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။



