ဝီကီလိ့ခ် တည်ထောင်သူ  ဂျူလီယန် အက်ဆန် ပြန်လည်လွတ်မြောက်လာ

မြောက်မာရီယာနာ၊ ဇွန် ၂၆

အမေရိကန်ရဲ့  စစ်ဘက်လျှို့ဝှက်ချက်တွေသာမက အစိုးရတွေ ၊ကော်ပိုရေးရှင်းတွေ ၊ကျော်ကြားသူတွေရဲ့ လျှို့ဝှက်ချက်တွေကို လူသိရှင်ကြားဖြစ်အောင် ဖော်ထုတ်ခဲ့လို့ ကာလကြာ ဖမ်းဆီးခံထားရတဲ့  အသက် ၅၂နှစ်အရွယ် ဩစတြေးနိုင်ငံသား ကွန်ပျူတာ ကျွမ်းကျင်သူ ဂျာနယ်လစ် ဂျူလီယန် အက်ဆန် တစ်ယောက် ပြီးခဲ့တဲ့ ၂၀၂၄ ဇွန်လ ၂၄ရက် တနင်္လာနေ့မှာ လုံခြုရေးအထူးတင်းကျပ်ထားတဲ့ ဗြိတိန်ထောင်ကနေ  ပြန်ပြီး လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။

အမေရိကန်အစိုးရက နှစ်များစွာ အရမ်းအလိုရှိနေခဲ့တဲ့  ဝီကီလိ့ခ် တည်ထောင်သူ ဂျူလီယန် အက်ဆန်ကို အမေရိကန်တရားရုံးတော်က  ဗုဒ္ဓဟူးနေ့ ဇွန် ၂၆ မှာ  လွတ်မိန့် ပေးခဲ့တာလို့သိရပါတယ်။

ဂျူလီယန် အက်ဆန် ဘက်ကလည်း နိုင်ငံတော် ကာကွယ်ရေး သတင်း အချက်အလက်တွေ ရယူတာရယ်၊ ဖြန့်ဝေဖို့  ပူးပေါင်းကြံစည်တာတွေအတွက်   အပြစ်ရှိကြောင်း  တောင်းပန်ခဲ့တယ်လို့  AFP သတင်းထောက်တွေက ပြောပါတယ်။

ဝီကီလိခ် ဝက်ဘ်ဆိုဒ်ရဲ့  အကြီးအကဲ အက်ဆန်ဟာ  ၂ဝ၁ဝ ခုနှစ်မှာ သိန်းနဲ့ချီတဲ့  လျှို့ဝှက်စာရွက်စာတမ်းတွေကို ထုတ်ဝေခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေရာက  ၂၀၁၀ ဒီဇင်္ဘာက ဗြိတိန်မှာ  အဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဗြိတိန်တရားသူကြီးက သူ့ကို အမေရိကန်ကို  လွှဲပြောင်းပေးဖို့ ကြိုးစားနေချိန်မှာပဲ အမေရိကန်ဘက်က မီးစိမ်း ပြလိုက်တာ ဖြစ်ပါတယ်။

 ဝီကီလိ့ခ်ဟာ ၂၀၁၀အစမှာ အစိုးရတွေ၊ ကော်ပိုရေးရှင်းတွေ၊ကျော်ကြားသူတွေရဲ့ အတွင်းသတင်း အနံ့ပေါင်းစုံကို အတိအကျကို နှိုက်ထုတ် ဖော်ပြခဲတဲ့ မီဒီယာအဖွဲ ဖြစ်ပါတယ်။ အမေရိကန်က ဘက္ကဒက် ကို လေကြောင်း ကနေတိုက်ခိုက်ခဲ့တုန်းက လျှိဝှက်အချက်အလက်တွေ အပြင် အမေရိကန် စစ်ဘက်ရဲ့ လျှိဝှက်ချက်တွေကိုပါ ဖော်ပြခဲ့လို့ အမေရိကန်က အလိုရှိခဲ့သူ လည်း ဖြစ်ပါတယ်။

Ref: Reuters

ပုံစာ။ ဂျူလီယန် အက်ဆန် ထောက်ခံသူတွေ့ရပုံ

Feature Image credit: Reuters/Toby Melville)

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *