ဝိန့်စိန်နဲ့မသက်သက်မာ ကားကံစမ်းမဲအငြင်းပွားနေတဲ့ကိစ္စ အဆင်ပြေသွားကြပြီ

ထာဝရဝိန့်စိန်နဲ့ကားကံစမ်းမဲ ကံထူးရှင်မသက်သက်မာတို့ အကြား ကားကံစမ်းမဲအငြင်းပွားနေတဲ့ကိစ္စ အဆင် ပြေသွားကြပြီလို့ ထာဝရဝိန့်စိန်က သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာခဲ့ပါတယ်။

ထာဝရဝိန့်စိန်ရဲ့ကြေညာချက်မှာ”မသက်သက်မာနဲ့ ထာ ဝရဝိန့်စိန်တို့ တွေ့ဆုံပြီး နှစ်ဦးလုံး အဆင်ပြေပြေနဲ့ ညှိ နှိုင်းဆွေးနွေးပြီးဖြစ်ပါတယ်။

ဝိန့်စိန်ဘက်မှ မသက်သက်မာ​ရဲ့ နစ်နာခဲ့မှုအပေါ် ငွေအမောင့်တစ်ခုနဲ့ နှစ်ဦးသဘောတူ လက်ခံညှိုနှိုင်းခဲ့ပြီး အ ရာအားလုံးအဆင်ပြေခဲ့ပါတယ်။

ဝိန့်စိန်ဘက်က ပြောထားတဲ့အတိုင်း ကားတစ်စီးကိုလည်း သာသနာအတွက် လှူဒါန်းသွားမယ့်အပြင် နောက်ထပ် ကားတစ်စီးကိုလည်း မသက်သက်မာကိုယ်တိုင် မဲနှိုက်ပြီး ကားကံထူးရှင် အသစ်ကို ရွေး ချယ်ပေးသွားမှာဖြစ်ပါတယ် ။

မသက်သက်မာနဲ့ဝိန့်စိန် ဖောက်သည်များ​ အမည်နဲ့ ဘု ရားတစ်ဆူတည်ပြီး အလှူပြုလုပ်မှာလည်းဖြစ်ပါတယ် “လို့ သတင်းထုတ်ပြန်ထားပါတယ်။

ထာဝရဝိန့်စိန်နဲ့ မသက်သက်မာတို့ဟာ ကားကံစမ်းမဲဖောက်ရင်း အငြင်းပွားမှုအချို့ရှိခဲ့ရာ ထာဝရဝိန့်စိန်က မသက် သက်မာကို ကျပ်သိန်း၃၇၀နစ်နာကြေးပေးခဲ့ပြီး မသက် သက်မာက ရရှိတဲ့နစ်နာကြေးများကို ဘုရား တည်သွားမယ်လို့ ပြောတာကြောင့် ထာဝရဝိန့်စိန်က လိုအပ်တဲ့ ငွေကြေးများကို ထပ်မံပေးအပ်ပြီး သိန်း ၅၀၀နဲ့ မသက်သက်မာနှင့်ဝိန့်စိန် ဖောက်သည်များ​ အမည်နဲ့ ဘုရားတစ်ဆူတည်မှာလို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *