ဝိဇ္ဇာဘာသာတွဲဖြင့်တစ်နိုင်ငံလုံးအဆင့် ၄ ရရှိခဲ့သူ မစုမြတ်လင်း ပညာရေးတက္ကသိုလ်ဆက်လက်တက်ရောက်နိုင်ရန် အကူအညီလိုအပ်နေဟုဆို

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာဘာ သာတွဲဖြင့် တစ်နိုင်ငံလုံးအဆင့် ၄ ရရှိခဲ့သူ ပဲခူးတိုင်းဒေသကြီး ၊ လက်ပံတန်းမြို့နယ်၊ ပျဉ်းကတိုးကုန်း‌ကျေးရွာ အုပ်စု၊မထမ်းကျေးရွာတွင်နေထိုင်သည့် မစုမြတ်လင်း ပညာရေးတက္ကသိုလ်ဆက်လက်တက်ရောက်နိုင်ရန် အကူအညီလိုအပ်နေကြောင်း သိရသည်။

မစုမြတ်လင်းသည် ဧရာဝတီတိုင်းဒေသကြီး ၊ အင်္ဂပူမြို့နယ်ရှိ အ.ထ.က ညောင်ကျိုးစာစစ်ဌာနတွင် ဝိဇ္ဇာဘာသာတွဲဖြင့် ဝင်ရောက်ဖြေဆိုခဲ့သူ ဖြစ်ကာ မြန်မာတစ်နိုင်ငံလုံးတွင် ဝိဇ္ဇာဘာသာတွဲဖြင့် ၅ ဘာသာဂုဏ်ထူး အမှတ်ပေါင်း ၅၀၇ မှတ်ရရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင်အဆင့် ၄ ၊ ဧရာဝတီတိုင်းဒေသကြီးတွင် အမှတ်အများဆုံးအဆင့် ၂ ရရှိခဲ့သူလည်း ဖြစ်သည်။

သူမသည် ရန်ကုန်မြို့တွင် ပညာရေးတက္ကသိုလ်(B.Ed) ကို ဆက်လက်သင်ကြားလိုသော်လည်း ၎င်း၏ မိဘနှစ်ပါးမှာ လက် လုပ်လက်စားများဖြစ်၍ ပံ့ပိုးပေးနိုင်ရန် အခက်အခဲများရှိနေကြောင်း ၊ယင်းကြောင့် အကူအညီ လိုအပ်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *