ဝါရင့် ဟာသသရုပ်ဆောင်ကြီး လစ္စလီ ဂျော်ဒန် အသက် ၆၇ မှာ ကွယ်လွန်

မင်းသားကြီး လစ္စလီ ဂျော်ဒန် ရဲ့ ဇာတ်ဝင်ခန်းတစ်ခု
Photo Credit: Hollywood Life

ဟောလိဝုဒ်၊ အောက်တိုဘာ ၂၄

ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေ နှစ်သက်စွဲလန်းကြတဲ့ အမေရိကန် ရုပ်သံဇာတ်လမ်းတွဲ Will & Grace ရဲ့  ဟာသသရုပ်ဆောင်လည်းဖြစ်၊ ပရိသတ်အသည်းစွဲ လူရွှင်တော်တစ်ယောက်လည်း ဖြစ်တဲ့ လစ္စလီ ဂျော်ဒန်တစ်ယောက် အသက် ၆၇နှစ်အရွယ်မှာ ကားမတော်တဆမှု တစ်ခုနဲ့ ပြီးခဲ့တဲ့ တနလ်လာနေ့က ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

“ဒီနေ့ ကမ္ဘာကြီးဟာ လစ္စလီ ဂျော်ဒန် ရဲ့ ချစ်ခြင်းမေတ္တာနဲ့ အလင်းရောင်တွေ မရှိဘဲ ပိုပြီး မှောင်မိုက်နေတဲ့ နေရာတစ်ခုပါပဲ” လို့ ကွယ်လွန်သူ ကြယ်ပွင့်ရဲ့  အေးဂျင့်ဖြစ်တဲ့ ဒေးဗစ် ရှော က ထုတ်ပြန်ချက်တစ်ခုမှာ အလေးအနက် ပြောခဲ့တယ်လို့ သိရပါတယ်။ ရှောကပဲ “သူဟာ ကြီးမားတဲ့ အရည်အချင်းရှိပြီး အလုပ်လုပ်ရတာ ပျော်ရွှင်မှုသာမကဘဲ နိုင်ငံအတွက် အခက်ခဲဆုံးအချိန်တွေထဲမှာလည်း  စိတ်ပိုင်းဆိုင်ရာ ပေါ့ပါးသန့်ရှင်းစေတဲ့ နေရာတစ်ခုကို ပို့ဆောင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။

 ဆက်ပြီး “သူ့ရဲ့ အရပ်အမောင်း ချို့တဲ့တာတွေကို သား၊ ညီအစ်ကို၊ အနုပညာရှင်၊ လူရွှင်တော်၊ လုပ်ဖော်ကိုင်ဖက်တွေ အတွက် လူသားတစ်ယောက်အနေနဲ့ ပျော်ရွှင်စရာဖြစ်အောင် မျှဝေပေးခဲ့တယ်” လို့လည်း ပြောပါတယ်။

မင်းသားကြီးကိုယ်တိုင်မောင်းလာတဲ့ကားက ဟောလိဝုဒ်က အဆောက်အဦတစ်ခုကို ဝင်တိုက်မိခဲ့တာလို့ သိရပါတယ်။ ကျန်းမာရေး ရုတ်တရက် ဖေါက်ပြန်သွားတာလို့ နီးစပ်တဲ့ သူရဲ့ အသိုင်းအဝိုင်းတွေဆီက သိရပါတယ်။

၁၉၅၅ခုနှစ် အမေရိကန်နိုင်ငံ တန်နက်ဆီမှာ မင်းသားကြီးကို မွေးဖွားခဲ့ပြီး အရွယ်ရောက်ပြီးချိန်အထိ သူ့ရဲ့အရပ်အမောင်းဟာ ၁ဒဿမ၅ မီတာလောက်ပဲရှိတာမို့ ၅ပေအောက်လို့ ဆိုရမှာပါ။ အာရှမှာမသိသာပေမယ့် ဒီအရပ်အမြင့်ဟာ အနောက် နိုင်ငံ တွေ မှာတော့ ပုံမှန်အောက်မှာ ရှိနေတာပါ။ ဒီအရပ်ကပဲ သူ့ကို ကမ္ဘာကျော် ဖျော်ဖြေရေး သမားတစ်ယောက်ဖြစ်စေခဲ့တာ အမှန်ပဲလို့ ဆိုရတော့မှာပါ။

Ref: Hollywood News

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *