ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပြီးပြန်အလာ စက်လှေတိမ်းမှောက်မှုကြောင့် အမျိုးသမီး ၄ဦးဆုံးပါးသွားရှာ

ရန်ကုန်မှ ပဲခူးသနပ္ပင်သို့ ဝါဆိုသင်္ကန်း လာကပ်သူများလိုက်ပါလာသည့်စက်လှေ တစ်စီး သနပ္ပင်မြို့နယ်အပိုင် ကျွဲဖြူချောင်းရိုးတွင် တိမ်းမှောက်သွားခဲ့၍ အမျိုးသမီး ၄ဦးသေဆုံးခဲ့ကြောင်း သာမဏေကျော်လူမှုကူညီရေးအသင်းကသိရသည်။

ရန်ကုန်တိုင်း၊တောင်ဥက္ကလာမြို့နယ်မြို့နေ အလှူရှင်များသည် ပဲခူး ကျွဲဖြူရောင်ကျေးရွာရှိဘုန်းကြီးကျောင်းသို့ ဝါဆိုသင်္ကန်းလာကပ်ပြီးအပြန် ယင်းဖြစ်ရပ်ဖြစ်ခဲ့သည်ဟု သိရသည်။လှေပေါ်ဝယ် ၁၁ဦးလိုက်ပါလာသည်ဟု ကယ်ဆယ်ရေးအဖွဲ့များကပြောသည်။

“လှေပေါ်မှာ ၁၁ဦးပါတယ်။ စက်လှေတိမ်းမှောက်တာမှာ လူ၇ဦးကို ပြန်ပြီး ဆွဲတင်နိုင်ခဲ့ပေမဲ့ ၄ဦးပျောက်ခဲ့တာပါ။ပျောက်ဆုံးသွားတဲ့ လူ၄ဦးရဲ့ DB ကို ညနေပိုင်းမှာပဲ ပြန်ဆယ်နိုင်ခဲ့ပါတယ်”ဟု ယင်းအသင်းကပြောသည်။

သေဆုံးသူအမျိုးသမီး၄ဦးမှာ ကလေးငယ် အမျိုးသမီး ၁ဦး၊ မိန်းကလေး ၂ဦး၊ အမျိုးသမီးကြီး ၁ဦး ဖြစ်ကြောင်းသိရသည်။ သေဆုံးသွားသူများ၏ရုပ်အလောင်း လေးလောင်းကိုသနပ္ပင်ဆေးရုံရင်ခွဲရုံမှ ရန်ကုန် တောင်ဒဂုံ ကျီစု သုဿန်သို့ ကလျာဏမိတ္တ လူမှုကူညီရေးအသင်း ၊ သာမဏေကျော်လူမူကူညီရေးအသင်း၊ သနပ္ပင်စေတနာရှင်လူမူကူညီရေးအသင်းတို့က နိဗ္ဗာန်ယာဉ်နဲ့ လိုက်လံကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

Visited 14 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *