ဝမ်းတွင်းမှာ ယက်ကန်းအလုပ်သမားတစ်ဦးက ယက်ကန်းရုံပိုင်ရှင်အပါအဝင် အမျိုးသမီးလေးဦးကို တူနဲ့ထုသတ်မှုဖြစ်

မန္တလေးတိုင်းဒေသကြီး၊ဝမ်းတွင်းမြို့နယ်၊အမှတ်(၃) ဗဟိုရပ်ကွက်က ယက်ကန်းရုံတစ်ရုံမှာ ဇန်နဝါရီလ ၁၁ ရက် မနက်အစောပိုင်းက ယက်ကန်းအလုပ်သမားတစ်ဦးက ယက်ကန်းရုံပိုင်ရှင်အပါအဝင် အမျိုးသမီးလေးဦးကို တူနဲ့ထုသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“ဘာကြောင့် အခုလိုသတ်ပစ်လိုက်တာလဲတော့ မသိဘူး။အသတ်ခံလိုက်ရတဲ့သူတွေက ယက်ကန်းရုံပိုင်ရှင် အမျိုး သမီးရယ်။သူ့အမနဲ့သူ့သမီးရယ်၊ယက်ကန်းအလုပ်သမားအမျိုးသမီးတစ်ယောက်တို့ပါ။ရပ်ကွက်ထဲမှာ ပြောတာကြားတာကတော့ သတ်တဲ့ယက်ကန်းအ လုပ်သမားအမျိုးသားက သူ့အပေါ် လုပ်အားခပေးတာကို မကျေနပ်လို့ သတ်တာတဲ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရက်ကန်းရုံပိုင်ရှင်တွေအပါအဝင် အမျိုးသမီးလေးဦးကို သတ်ခဲ့တဲ့ယက်ကန်းအလုပ်သမားအမျိုးသားက အလုပ်ရုံမှာ ဓါးပြတိုက်ခံတယ်လို့ ရဲစခန်းကို လိမ်လည်တိုင်တန်းခဲ့ပြီး ရဲ ကစစ်ဆေးမေးမြန်းရာမှာ သူကိုယ်တိုင် တူနဲ့ထုသတ်ခဲ့တာလို့ ဝန်ခံထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။။

အသတ်ခံခဲ့ရတဲ့အမျိုးသမီးလေးဦးရုပ်အလောင်းများကို ဝမ်းတွင်းမြို့ သန္တိသုခလူမှုရေးအသင်းက မော်တော်ယာဥ်နဲ့ဝမ်းတွင်းပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *