ဝမ်းတွင်းမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ တွဲကားနဲ့ဆိုင်ကယ် တိုက်မိမှုဖြစ်ပွား

■ရပ်နားထားတဲ့ တွဲကားနောက်ပိုင်းကို ဆိုင်ကယ်က အ ရှိန်နဲ့တိုက်မိတာဖြစ်ပြီး ဆိုင်ကယ်မောင်းသူသေဆုံးခဲ့ရ

မန္တလေးတိုင်းဒေသကြီး၊မိတ္တီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ဝမ်းတွင်းမြို့နယ်က ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ ဖေဖော်ဝါရီလ၁၅ရက် နေ့လယ်၁၂နာရီက တွဲကားနဲ့ဆိုင်ကယ် တိုက်မိမှုဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီဆောင် ရွက်ပေးသူတွေဆီက သိရပါတယ်။

ဖြစ်စဥ်မှာ ဖေဖော်ဝါရီလ၁၅ရက် နေ့လယ်၁၂နာရီက ဝမ်းတွင်းမြို့မြောက်ရှိ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာရပ် နားထားတဲ့ တွဲကားနောက်ပိုင်းကို ဆိုင်ကယ်က အ ရှိန်နဲ့တိုက်မိတာဖြစ်ပြီး ဆိုင်ကယ်မောင်းသူဟာအခင်း ဖြစ်နေရာမှာတင် သေဆုံးသွားခဲ့တာကြောင့် သေဆုံးသူအမျိုးသားရဲ့ရုပ်အလောင်းကို သန္တိသုခလူမှုရေးအသင်းက မော်တော်ယာဥ်နဲ့ ဝမ်းတွင်းမြို့နယ်ပြည်သူဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-သန္တိသုခလူမှုကူညီရေးအသင်း

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *