ဝမ်းတွင်းမြို့နယ်မှာ ဖုန်းကို နေ့ရော ညပါသုံးစွဲသူလူ ငယ်တစ်ဦး ခေါင်းကိုက် နားကိုက် ဖြစ်ပြီး သေဆုံး

■ဝမ်းတွင်းကနေ မိတ္ထီလာဆေးရုံကိုပို့ဆောင်ပေးခဲ့ပေမယ့် ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့

မန္တလေးတိုင်းဒေသကြီး၊ဝမ်းတွင်းမြို့နယ်၊သဖန်းကျေး ရွာနေ အသက်၁၈နှစ်အရွယ်လူငယ်အမျိုးသားတစ်ဦးဟာ ဖုန်းကို နေ့ရောညပါသုံးစွဲပြီး ဂိမ်းဆော့ကစားခဲ့ရာ ခေါင်းကိုက် နားကိုက်ဝေဒနာများ ခံစားနေခဲ့တာကြောင့် ဖေဖော်ဝါရီလ ၂၁ရက်နေ့က ဝမ်းတွင်းကနေ မိတ္ထီလာဆေးရုံကို မျိုးဆက်သစ်မြတ်ပါရမီအသင်းက မော် တော်ယာဥ်နဲ့ ပို့ဆောင်ပေးခဲ့ပေမယ့် ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူလူငယ်ရဲ့ရုပ်အလောင်းကို မျိုးဆက်သစ်မြတ်ပါရမီအသင်းက မော်တော်ယာဥ်နဲ့ပဲ ဝမ်းတွင်းမြို့နယ်၊သဖန်းရွာကို ပြန်လည်ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Photo- မျိုးဆက်သစ်မြတ်ပါရမီအသင်း(မိတ္ထီလာ)

Visited 12 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *