ဇွန်၂၃မှာဖြစ်ပွါးခဲ့တဲ့ ဝပ်ဂနာကြေးစား တပ်ပုန်ကန်မှုဖြစ်ပွားအောင်ဦးဆောင်သူတွေကို ဥပဒေအရ အရေးယူသွားမယ်လို့ ရုရှားသမ္မတဗလာဒီမာပူတင်က သူ့မိန့် ခွန်းမှာ မျက်နှာကြောခပ်တင်းတင်းနဲ့ ပြောကြားလိုက်ပါတယ်။
မိမိအမိန့်နာခံပြီး တိုင်းပြည်အပေါ်သစ္စာ စောင့်သိမယ့် ဝပ်ဂနာကြေးစားစစ်သည် တွေကိုတော့ အစိုးရတပ်ထဲဝင်ခွင့်ပြုမယ်။ ဘယ်လာရုစ်သွားချင်တဲ့လူသွား ဌာနေပြန် လာချင်တဲ့လူပြန်လာလို့ရတယ်လို့လည်း သူကပြောတယ်။ ကြေးစာတပ်ခေါင်းဆောင် ပရီဂိုဇင်ရဲ့နာမည်ကိုတော့ အဲဒီအနှစ်ချုပ် မိန့်ခွန်းမှာသူ ထည့်မပြောခဲ့ပါဘူး။ ဒါပေ မယ့် သူ့ကို သီးခြားစစ်ဆေးမေးမြန်းမှုပြု လုပ်လိမ့်မယ်လို့ သတင်းထွက်နေပါ တယ်။
ဇွန် ၂၆ရက်မှာ တယ်လီဂရမ်ကလွှင် တင်ခဲ့တဲ့ ၁၁မိနစ်ကြာအသံလွှင့်ဖိုင်မှာ တော့ ပရီဂိုဇင်က ကြေးစားတပ်ပုန်ကန်မှုနဲ့ ပတ်သက်ပြီး ထပ်ရှင်းထားတယ်။ ယူကရိန်းစစ်ပွဲကာလအတွင်း ရုရှားကာကွယ် ရေးဆိုင်ရာ လွဲမှားမှုတွေပြုလုပ်ခဲ့တာကို ကန့်ကွက်တဲ့သဘောဖြစ်တယ်လို့လည်း ကာကွယ်ပြောဆိုထားပါတယ်။
ကိုယ့်အချင်းချင်းပြန်တိုက်ပြီး ရုရှားအစိုး ရစစ်သည်တွေမသေကြေစေချင်လို့ ရုရှား အရပ်သားအချို့က ငြိမ်းချမ်းရးပျက်ပြားတာ မလိုလားကြလို့ သူ့လူတွေကိုရပ်တန့်စေခဲ့တဲ့ အကြောင်းပရီဂိုဇင်ကပြောပြပါတယ်။
အနောက်အုပ်စုက ရုရှားတွေအချင်းချင်း သတ်ဖြတ်တာကို လိုလားနေတာ သိထားဖို့လို တယ်လို့ သမ္မတဗလာဒီမာပူတင်က သူ့မိန့် ခွန်းမှာထည့်ပြောခဲ့လို့ ထင်ပါတယ်။ ဇွန် ၂၆က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဝပ်ဂနာ ကြေးစားတပ်ပုန်ကန်မှုဟာ အမေရိကန် အစိုးရနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိဘူးလို့ ဖြေရှင်းခဲ့ပါတယ်။
ရုရှားစစ်ထောက်လှမ်းရေးတွေ စိန့်ပီ တာစဘာ့ဂ်က ဝပ်ဂနာဌာနချုပ်ကို သွားစစ် တော့ ကားတွေပေါ်မှာ အသင့်တင်ထားတဲ့ အမေရိကန်ဒေါ်လာ ၄၈သန်းနဲ့ညီမျှတဲ့ ရူဘယ် ၄ဘီလျံက ဘာအတွက်လဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတယ်။ ကြေးစားစစ် သည်တွေကိုလစာပေးဖို့နဲ့ ကျဆုံးသွားတဲ့ စစ်သည်တွေအတွက် သက်ဆိုင်ရာမိသား စုတွေကို နစ်နာကြေးပေးဖို့ငွေတွေလို့ ပရီဂို ဇင်ကတော့ ပြောပါတယ်။
Ref: BBC, CNN