၂၄နာရီတောင်မကြာလိုက်တဲ့ ဝပ်ဂနာ ကြေးစားတပ်ရဲ့လက်နက်ကိုင်ပုန်ကန်မှုပြီးသွားပေမယ့် ရုရှားပြည်တွင်းမှာ ရော ပြည် ပမှာပါ ကောလာဟလတွေ ဆက်ပြီး ဂယက် ရိုက်နေတယ်။
မအောင်မြင်လိုက်လို့ ဒီလောက်နဲ့ ပြီးသွား တာပါ။ အောင်မြင်သွားရင် သမ္မတ ဗလာ ဒီမာပူတင်ပြုတ်ကျပြီး ပရီဂိုဇင်ပဲဖြစ်ဖြစ် သူ့လူထဲကဖြစ်ဖြစ် သမ္မတဖြစ်နိုင်ပါတယ်။ ယူကရိန်းစစ်ပွဲလည်းပြီးသွားနိုင်တယ် စ သည်ဖြင့် သတင်းတွေထွက်ပေါ်နေတာ တွေ့ရတယ်။
ဇွန် ၂၈မှာ ထုတ်လွှင့်ဖော်ပြတဲ့ သတင်း တွေအနက် ထူးခြားတာက ဝပ်ဂနာ ကြေးစား တပ်ခေါင်းဆောင်ယက်ဗ်ဂေနီ ပရီဂိုဇင် ဘယ်လာရုစ်နိုင်ငံရောက်နေပြီ ဇွန် ၂၇ ရက် မှာ ရောက်တာလို့ ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှင် အတည်ပြုတဲ့ သတင်းဖြစ်ပါတယ်။
ပရီဂိုဇင် ရော့စတိုဗွန်ဒွန်မြို့ကနေ ကားနဲ့ ထွက် သွားပေမယ့် ဘယ်လာရုစ်ကို ကိုယ်ပိုင် ဂျက်လေယာဉ်စီးပြီး ရောက်သွားခဲ့တာလို့ ဆိုပါတယ်။
နောက်ထူးခြားတဲ့သတင်းကတော့ ဝပ်ဂနာ ကြေးစားတပ်ကို နိုင်ငံတော်က ထောက်ပံ့ နေတာလို့ သမ္မတဗလာဒီမာပူတင် ထုတ် ဖော်ပြောကြားလိုက်တဲ့ကိစ္စဖြစ်ပါတယ်။
ဝပ်ဂနာကြေးစားစစ်သည်တွေအတွက် လစာနဲ့ ဆုကြေးတွေပေးဖို့ ၂၀၂၂ခုနှစ် မေလကနေ ၂၀၂၃ခုနှစ်မေလအထိ အမေရိကန်ဒေါ်လာ ၁ဘီလျံနဲ့ညီမျှတဲ့ ရူဘယ် ၈၆ ဒသမ၂၆၂ဘီလျံ ကို နိုင်ငံ တော်စစ်အသုံးစရိတ်ထဲကနေ ထောက်ပံ့ ခဲ့တယ်လို့ ကိန်းဂဏန်းအတိအကျနဲ့ ပြော ကြားခဲ့ပါတယ်။
ရုရှားမှာ ကာကွယ်ရေးဝန်ကြီး ဆာဂေးရှို အီဂူတည်ထောင်ထားတဲ့ ကြေးစားတပ် အပါအဝင် ကြေးစားတပ် ပေါင်း(၁၀) တပ် ထက်မနည်းရှိတဲ့အနက် ဝပ်ဂနာဟာ နိုင်ငံ တော်စစ်အသုံးစရိတ်အများဆုံးနဲ့ လည်
ပတ်နေတဲ့ အကြီးဆုံးကြေးစားတပ် ဖြစ်နိုင် တယ်လို့သုံးသပ်နေကြပါတယ်။
Ref: BBC, CNN