ဝပ်ဂနာကြေးစားစစ်သည်တွေ ရုရှားအစိုးရ တပ်ထဲဝင်ဖို့ကိစ္စကြေးစားတပ်ခေါင်းဆောင်ယက်ဗ်ဂေနီပရီဂိုဇင်ဖက်က ငြင်းဆို

ဝပ်ဂနာကြေးစားစစ်သည်တွေ ရုရှားအစိုး ရတပ်ထဲဝင်ဖို့ကိစစနဲ့ပတ်သက်ပြီး ကြေးစား တပ်ခေါင်းဆောင်ယက်ဗ်ဂေနီပရီဂိုဇင်ဖက်က ငြင်းဆိုလိုက်တယ်။ ဒဲ့ဒိုးငြင်းဆိုတာမျိုးမဟုတ်ဘဲကွမ်မာဆန့် သတင်းစာနဲ့တွေ့ဆုံမေးမြန်းခန်းမှာ ကျွန်တော့်လူတွေကတော့ ရုရှားတပ်ထဲမဝင်ချင်ကြဘူးလို့ပြောတယ် ဆိုတဲ့စကားနဲ့သွယ်ဝိုက်ပြီးငြင်းဆိုလိုက်တာ ဖြစ်တယ်။

လွန်ခဲ့တဲ့ ဇွန်၂၃-၂၄မှာ ဝပ်ဂနာကြေးစား တပ်ပုန်ကန်မှုကို ရပ်တန့်လိုက်ပြီးတာနဲ့ တစ်ပြိုင်နက် ရုရှားအစိုးရဖက်က သမ္မတ ဗလာဒီမာပူတင်ရဲ့လမ်းညွှန်ချက်နဲ့အညီ ခေါ်ယူဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်တယ်။

ကြေးစားစစ်သည်တွေကို အရေးယူမှာ မဟုတ်ဘူး။ ရုရှားတပ်ထဲကိုဝင်မယ် ဆို ရင်ဝင်လို့ရတယ်။ ဘယ်လာရုစ်ကို သွား မယ်ဆိုလည်းသွားနိုင်တယ်လို့ အဲဒီတုန်းက တည်းက ဗလာဒီမာပူတင် ပြောခဲ့တယ်။

သူအဲဒီလိုပြောပြီးတဲ့နောက်ပိုင်းမှာ ဝပ်ဂနာစစ်သည်တွေ ဘယ်လာရုစ်ကို ရောက်သွား ကြတယ်လို့သတင်းတွေပေါ်ထွက်လာခဲ့ တယ်။ အင်အားဘယ်လောက်ရှိမလဲ တော့မသိရဘူး။ အခု ဘယ်လာရုစ်ကာကွယ် ရေးဝန်ကြီးဌာနဖက်ကထုတ်ပြန်တဲ့သတင်းအရ ဝပ်ဂနာစစ်သည်တွေက ဘယ်လာ ရုစ်အစိုး ရတပ်ဖွဲ့ဝင်တွေကို မင့်စ်ခ်မြို့ တော် အရှေ့တောင်ဖက် ၅၃မိုင်အကွာလောက်က ဩဆီပိုဗီချီမြို့အနီးမှာ စစ်သင်တန်းပေးန ေတယ်လို့ သိရတယ်။

အဲဒီမှာရှိနေတဲ့ ဝပ်ဂနာကြေးစားစစ် သည်တွေက အနည်းစုဖြစ်ပြီး အများစုက ယူကရိန်းဖက်မှာရှိတဲ့ ရုရှားသိမ်း ပိုက် နယ်မြေတွေအတွင်း တပ်ဖျောက်ထားတယ် လို့ယူဆရကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနပြောခွင့်ရသူ ပတ်ရိုက်ဒါက ဇူလိုင်၁၃ရက်မှာ ထုတ်ဖော်ပြောတယ်။

Ref: BBC

Visited 25 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *