ဝန်ထမ်းတွေအတွက် လစာကို အထိုက်တန်ဆုံးနဲ့ အလုံလောက်ဆုံး ဖြစ်အောင် အကောင်းဆုံး ကြိုးစား ပေးနေပါတယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါက ပြောဆို

ကွာလာလမ်ပူ၊ ဧပြီ ၂၆

မလေးရှားနိုင်ငံက ဝန်ထမ်းတွေ အတွက် ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြန်ပြီးပြင်ဆင်ထားတဲ့ လစာစနစ်တစ်ခုကို ဖော်ဆောင်ပေးခဲ့ပါတယ်။ ဒါက  မကြာတဲ့ ကာလမှာ ဝန်ထမ်းတွေအတွက် အကောင်းဆုံး အခြေအနေတစ်ခု ကို ဖော်ဆောင်ပေးမယ့် ပြည်သူ့ဝန်ဆောင်မှုပေးချေမှုစနစ် လည်း ဖြစ်ပါတယ်လို့ ပြောဆိုလိုက်ပါတယ်။

မစ္စတာ အန်ဝါ တစ်ယောက်  လာမယ့် မေလ ၁ရက်နေ့  အလုပ်သမားနေ့ စည်းဝေးပွဲမှာ နိုင်ငံ့ဝန်ထမ်းတွေရဲ့ အသားတင် ၀င်ငွေနှုန်းကို မြှင့်တင်မယ့်  အဆိုပြုချက်တွေကို ထုတ်ပြန်ဖို့ မျှော်လင့်ထားတယ်လို့ The Star က ဧပြီလဆန်းကတည်းက ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဧပြီ ၂၅ရက် ကြာသပတေးနေ့က  မြို့တော်ခန်းမမှာ ကျင်းပခဲ့တဲ့ အစိုးရအကြီးအကဲတွေအပါအဝင် သံတမန်အရာရှိ ရာနဲချီတက်ရောက်ခဲ့တဲ့ အစည်အဝေးမှာ မလေးရှားဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်တဲ့ မစ္စတာ အန်ဝါက အစိုးရဝန်ထမ်းအုပ်စုအားလုံး အကျိုးရှိဖို့အတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းမှာ ထိပ်တန်းစီမံခန့်ခွဲမှုကို လိုချင်တယ်လို့ ပြောပါတယ်။

“အစိုးရရဲ့ အတွင်းဝန်ချုပ်၊ ပြည်သူ့ဝန်ဆောင်မှု ညွန်ကြားရေးမှူးချုပ်နဲ့ ဘဏ္ဍာရေး မှူးချုပ်တို့နဲ့ တွေ့ဆုံရာမှာ ဌာနတစ်ခုမှ မလိုချင်ဘူးလို့ ယူဆတဲ့ အဖွဲ့တစ်ဖွဲ့ကို ပြောခဲ့ပါတယ်။ ဒီလစာငွေစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်ပြီး အရပ်ဘက်ဝန်ထမ်း ပြုပြင်ပြောင်းလဲရေးနဲ့ တွဲပြီး လုပ်ဆောင်ပေးဖို့ တောင်းဆိုထားပါတယ်” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဝန်ကြီးချုပ်က နိုင်ငံ့ဝန်ထမ်းတွေရဲ့  စွမ်းဆောင်ရည်အပေါ် အလေးပေးပြောကြားခဲ့ပြီး ပျင်းရိသူတွေ ဒါမှမဟုတ်  စွမ်းဆောင်ရည်နိမ့်ကျသူတွေ ကို အသိအမှတ်ပြုခြင်း ဒါမှမဟုတ် ရာထူးတိုးမပေးသင့်ဘူး လို့လည်း မစ္စတာအန်ဝါက ပြောဆို ခဲ့တယ်လို့ သိရပါတယ်။

Ref: cna

ပုံစာ။ မေ ၂၅ရက်က မြို့တော်ခန်းမမှာ ကျင်းပတဲ့ အစည်းဝေးအပြီး တွေ့ရတဲ့ ဝန်ကြီးချုပ် အန်ဝါ

Fearture Image Credit: Facebook/Anwar

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *