ဝန်ကြီးချုပ်ဟွန်ဆန်က သူအနိုင်ရတဲ့ ရွေးကောက်ပွဲ ရှုတ်ချသူတွေကို ပြန်ဝေဖန်

ကန်ဒယ်လ်(ကမ္ဘောဒီးယား)၊ ဩဂုတ် ၃

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သူ့ပါတီက အတိုက်အခံတွေကို အနိုင်ရခဲ့တဲ့အပေါ် ရှုတ်ချဝေဖန်တဲ့သူတွေကို တန်ပြန်ပြီး အပြင်းအထန် ပြန်ဝေဖန်ခဲ့ပါတယ်။

ဒါ့အပြင် သူ့သားကို အာဏာလွဲပေးဖို့ ဆိုတဲ့ စဉ်းစားချက်အပေါ်ကိုလည်း တိုင်းပြည် သွေးထွက်သံယို မဖြစ်စေဖို့  ဆိုပြီး ကာကွယ်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အသက် ၇၀ အရွယ်ရှိနေပြီး  ကမ္ဘောဒီးယားကို ဆယ်စုနှစ်လေးစုနီးပါး သံလက်သီးနဲ့ အုပ်စိုးခဲ့သူလည်း ဖြစ်ပါတယ်။ အခုလည်း သူအနေနဲ့ ရာထူးကနေ နုတ်ထွက်ပြီး သူသားဖြစ်တဲ့ ဟွန် မာနက် ကို ဝန်ကြီးချုပ်ရာထူး လွဲပေးဖို့ ဆိုတဲ့ ကိစ္စက အသေအချာ ပြင်ဆင်ထားတဲ့ အစီစဉ်လို့ အကဲခတ်သူတွေက  ထောက်ပြပါတယ်။

အမေရိကန်၊ ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂစတဲ့ အင်အားကြီး အဖွဲအစည်းတွေက ဟွန်ဆန်ရဲ့  ပြီးခဲ့တဲ့ ဇူလိုင် ရွေးကောက် ပွဲကလွတ်လပ်ပြီး တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲဆိုပြီး အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။ အဲ့ဒိ ရှုတ်ချချက်တွေက ရွေးကောက်ပွဲမှာ ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) က အပြတ်အသတ် အနိုင်ရပြီးတဲ့နောက်အခုလို ပြစ်တင် ဝေဖန်တာတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အာဏာပိုင်တွေကတော့ အတိုက်အခံပါတီဟာ အရည်အချင်းမပြည့်မီလို့  CPP က ဆန္ဒမဲ ၈၂ ရာခိုင်နှုန်း အနိုင်ရပြီး အဖွဲ့ဝင် ၁၂၅ ဦးရှိတဲ့  အောက်လွှတ်တော်မှာ အမတ်နေရာ ၁၂၀ ကို ရခဲ့ တာလို့ ပြန်ဖြေရှင်းပါတယ်။

“ကမ္ဘောဒီးယားမှာ ဒီမိုကရေစီရသွားပြီလို့ ငါကြေညာနိုင်တယ်” ဆိုပြီးလည်း  ရွေးကောက်ပွဲအပြီး ပထမဆုံးမိန့်ခွန်းမှာ  ဟွန်ဆန် က ပြောခဲ့ပါတယ်။  ဝေဖန်သူတွေက နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးကို ကိုယ်စားမပြုဘူးလို့လည်း ထပ်ပြော ဆိုခဲ့တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားနဲ့ နိူင်းပြီး ဝေဖန်ခံနေရတဲ့ ဟွန်ဆန်ကတော့ သူ့သား ဟွန်မာနက်လက်ကို အာဏာလွဲပေးတဲ့ ကိစ္စအပေါ် မှာလည်း သူသေသွားတဲ့ နောက်  တိုင်းပြည်ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ဖို့အတွက် ဆိုပြီးလည်း ပြောဆိုခဲ့ တယ်လို့ သိရပါတယ်။

Ref: cna

ပုံစာအညွှန်း။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၂၀၂၃ ခုနှစ် သြဂုတ်လ ၃ ရက်နေ့က ကန်ဒယ်လ်ပြည်နယ်မှာ ကျင်းပတဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားမှာ မိန့်ခွန်းပြောနေပုံ

Photo Creedit:  AFP/Tang Chhin Sothy

Leave a Reply

Your email address will not be published. Required fields are marked *