ဝန်ကြီးချုပ်ဟောင်း သက်ဆင် တကယ် အိမ်ပြန်လာမှာလား

  • နိုင်ငံရေး ကျွမ်းကျင်သူတွေကတော့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြန်လာနိုင်ခြေ မရှိသေးဘူး လို့ပြောဆို နေကြပါတယ်။

ထိုင်းနိုင်ငံရေး“ဂုရု”သုံးယောက်ဖြစ်တဲ့လျှို့ဝှက်သတင်းတွေ ဖော်ထုတ်သူ။ ရှပ်နီခေါင်းဆောင်ဟောင်း တစ်ယောက်အပါ အဝင် ရှေ့နေတစ်ယောက်တို့က သြဂုတ်လမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြန်လာ မယ်ဆိုတဲ့ အပေါ် သူတို့ရဲ့ သံသယ တွေကို တွက်ဆဖော်ထုက် ပြောဆို ခဲ့ကြပါတယ်။

ရှပ်နီလှုပ်ရှားမှုခေါင်းဆောင်ဟောင်း ဂျာတူပွန် ပရွန်ပင် က သက်ဆင်တစ်ယောက် သူကျခံရမယ့်ထောင်ဒဏ် တွေကို ကျခံဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကို မယုံကြည်တဲ့အကြောင်းဇူလိုင် ၃၀ရက် တနင်္ဂနွေနေ့က Facebook Live အစည်းအဝေး မှာ ပြောဆိုခဲ့တယ်လို့ သိရတယ်။  ဒါကြောင့်မို့ ထွက်ပြေးတိမ်းရှောင်နေတဲ့  ဝန်ကြီးချုပ်ဟောင်းဟာ သြဂုတ် ၁၀ ရက်မှာ ပြန် လာမယ့် သူ အစီအစဉ်ကို ပယ်ဖျက်လိုက်ဖို့ မျှော်လင့်ကြောင်း ရှင်းပြပါတယ်။

သက်ဆင်အပေါ်စွဲဆိုထားတဲ့ အကျင့်ပျက်ခြစားမှု စွဲချက်အတွက် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ရမယ်၊ မရဘူးဆိုတာ မသေချာတာမို့သက်ဆင်တစ်ယောက် ပြန်လာမှာမဟုတ်ဘူးလို့ လည်းဆိုပါတယ်။

တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ကို သက်ဆင်ဟာ  လွန်ခဲ့တဲ့ ၁၇ နှစ်အတွင်းမှာ အကြိမ် ၂၀ တိုင်တိုင် ကြိုးစားခဲ့ ပေမယ့် လည်း သူ့ကြိုးပမ်းမှုက တစ်ကြိမ်မှမအောင်မြင့်ခဲ့ပါဘူး။

ထောင်ဒဏ်ကျခံခဲ့ဖူးတဲ့ ရှပ်နီခေါင်းဆောင်ကတော့ သက်ဆင်ဟာ အိမ်ပြန်မလာခင် ရှောင်လွှဲမရနိုင်တဲ့ အကျဥ်းထောင် ဆိုတဲ့ ကိစ္စကို အရင်စဥ်းစားသင့်တယ်လို့ ဆိုပါတယ်။

“ဒါကြောင့်၊ သူကြေငြာထားတဲ့အတိုင်းသြဂုတ်လ ၁၀ ရက်နေ့မှာပြန်လာမှာမဟုတ်ဘူးလို့ကျွန်တော်ယုံ ကြည်ပါတယ်” လို့ ဂျာတူပွန်က ပြောဆိုလိုက်ပါတယ်။

ဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝစ် ဝေါင်ဆူဝမ်ရဲ့  လက်ထောက်ဟောင်းလည်းဖြစ်တဲ့ ရှေ့နေ ပိုက်ဆန် ဖေ့ခမွန့်ကို ကလည်း  သက်ဆင် ပြန်လာမယ်ဆိုတာ သတင်းကြေငြာတာသက်သက်ဖြစ်ပြီး တကယ်ပြန်လာဖို့ မရှိဘူးလို့ ပြောပါတယ်။ “ဒီသတင်းအမှားအတွက် အချိန်မဖြုန်းပါနဲ့” လို့ ဆိုပါတယ်။

လျှို့ဝှက် သတင်းပေး ချူဝစ် ခမ်မိုဗီဆစ် ကတော့ တကယ်တန်း သက်ဆင်က ထောင့်ကျခံရမှာ မကြောက်ဘူးဆို ပြီးခဲ့တဲ့ ၁၅နှစ်လောက်ကတည်း အိမ်ပြန်ရောက်နေမှာပေါ့ လို့ သူ့ ဖေ့စ်ဘွတ်မှာ ရေးတင်ထားတာ တွေ့ရပါ တယ်။

“ပြန်လာမယ်လို့ ယုံကြည်တဲ့သူတွေက သက်ဆင်ကို နားမလည်ဘူး။ သူတကယ်ပြန်လာချင်တယ် ဆိုရင် ၁၅ နှစ် ၁၆ နှစ်လောက် စောင့်မယ့်အစား သူဒီလိုလုပ်လိမ့်မယ်” ဆိုပြီး ခမ်မိုဗီဆစ် ကပြောပါတယ်။

ဒီကာလမှာ ဖြူထိုင်းပါတီဟာ အစိုးရသစ်မဖွဲနိုင်ခဲ့ရင်  သက်ဆင် တစ်ယောက် သူရဲ့ အိမ်ပြန်မယ့် ကိစ္စကိုနောက်တစ်ကြိမ် ရွှေ့ဆိုင်းရလိမ်ဦးမယ်လို့လည်း ချူဝစ်က ပြောပါတယ်။

သက်ဆင်ဟာ  ပထမဆုံးထောင်ဒဏ်ချမှတ်ခံရတဲ့ နေ့ကစပြီး တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံနိုင်ပေမယ့်လည်း ဘုရင်ကို ပုတ်ခတ်ပြောဆိုမိတဲ့ အပြစ်ကလွဲလို့ ကျန်တဲ့  ပြစ်မှုကျူးလွန်သူတွေကို ဘုရင်ကနေ လွတ်ငြိမ်းချမ်းသာ ခွင့်ပေး တာ မျိုး မရှိဘူးဖူးလို့ သူက ဆက်ပြောပြပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ရွေးချယ်ဖို့ ကိစ္စ၊ အစိုရသစ်ဖွဲ့ဖို့ ကိစ္စ စတာတွေ အားပြိုင်ရှုပ်ထွေး နေတဲ့ အချိန်မှာ ဝန်ကြီးချုပ်ဟောင် သက်ဆင် အိမ်ပြန်လာတော့မယ်ဆိုပြီး သူ့သမီးငယ်ရဲ့ ထုတ်ဖော်ပြောဆိုတဲ့ အပေါ် ထိုင်းနိုင်ငံရေး ကျွမ်းကျင်သူတွေရဲ့ ဝေဖန်သုံးသပ်ချက်တွေပဲ ဖြစ်ပါတယ်။

Ref: Political experts list reasons why Thaksin’s return not likely ( The Nation )

Leave a Reply

Your email address will not be published. Required fields are marked *