ဝန်ကြီးချုပ်ရာထူးအတွက် တစ်ကျော့ပြန် အရွေးခံမယ့် ပီတ လင်ဂျာရွန်ရက်

ဘန်ကောက်၊ ဇူလိုင်၁၈

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ရက်က ဝန်ကြီးချုပ်ရာထူးအတွက် အထက်လွတ်တော်မှာ မဲခွဲဆုံးဖြတ်မှုခံယူပြီး ရှုံးနိမ့်ခဲ့တဲ့ Move Forward ပါတီခေါင်းဆောင် ပီတ လင်ဂျာရွန်ရက် ဟာ ဒုတိယအကြိမ် အမည်စာရင်းတင်သွင်းပြီး ဝန်ကြီးချုပ်ရာထူး အတွက် ယှဥ်ပြိုင်မယ်လို့ သိရပါတယ်။

အသက် ၄၂ နှစ်အရွယ် မစ္စတာ ပီတဟာ ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ၀န်ကြီးချုပ်အဖြစ်ရွေးချယ်ခံဖို့ တစ်ကျော့ ပြန်လာပြီလို့ ထုတ်ပြန်လာပါတယ်။

Move Forward ပါတီနဲ့  သူတို့ရဲ့  မဟာမိတ်ပါတီ ခုနစ်ဖွဲ့ ရဲ့  အောက်လွတ်တော် အမတ်နေရာစုစုပေါင်း ဟာ အမတ်နေရာ ၅၀၀ ရှိတဲ့ အထဲက ၃၁၂ နေရာကို ရခဲ့ပြီးဖြစ်ပါတယ်။ ဒါမေမယ့် ဇူလိုင် ၁၃ရက်နေ့က အထက် လွတ်တော်မှာ မဲခွဲခဲ့အပြီး အထက်လွတ်တော်ရဲ့ မဲအရေအတွက် လုံလုံလောက်လောက် မရခဲ့ တာကြောင့် နောက်တစ်ကြိမ် ထပ်ကြိုးစာဖို့ ခြေလှမ်း လာတာ ဖြစ်ပါတယ်။

ဇူလိုင် ၁၃ ရက်က ဝန်ကြီးချုပ်ရာထူးအတွက် မဲခွဲရာမှာ မစ္စတာပီတဟာ အထက်လွှတ်တော်အမတ် ၁၃ ဦး ရဲ့မဲသာ ရခဲ့တာမို့ ပထမအကြိမ်မှာ မအောင်မြင်ခဲ့ပါဘူး အခုတစ်ကြိမ်မှာလည်း သူ့ရဲ့ Move Forward ပါတီနဲ့ မိတ်ဖက် ခုနှစ်ပါတီတို့ရဲ့ သ ဘောတူညီမှုနဲ့ပဲ ပီတ လင်ဂျာရွန်ရက်ကို ဒုတိယအကြိမ် ဝန်ကြီးချုပ် အမည်စာရင်းတင်သွင်းပြီး ထပ်အရွေးခံဖို့ ဖြစ်လာ တာဖြစ်ပါတယ်။

Ref:CAN

Photo Credit: (AP Photo/Sakchai Lalit)

Leave a Reply

Your email address will not be published. Required fields are marked *