နယူးဒေလီ၊ ဇွန် ၁၂
၀န်ကြီးချုပ် နရန်ဒရာ မိုဒီရဲ တတိယ သက်တမ်းမစမီ ရွေးကောက်ပွဲရလဒ်တွေ အပြီးသတ်နီးပါးထွက်ပေါ်လာတဲ့ အချိန်ကစ အိန္ဒိယနိုင်ငံရဲ့ စတော့ရှယ်ယာဈေးတွေဟာ လေးနှစ်အတွင်း အဆိုးရွားဆုံးထိုးကျခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ ပိုပြီးပြင်းထန်တဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို တွန်းအားပေးနိုင်မှုတွေအပေါ် သံသယတွေ တိုးလာစေခဲ့တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ပြည်တွင်းက ကုမ္ပဏီကြီး ၃၀ ကိုခြေရာခံအပြီးအိန္ဒိယနိုင်ငံရဲ့စီးပွားရေးစံနှုန်း နဲ့ ပိုမိုကျယ်ပြန့်တဲ့ အညွှန်းကိန်းတစ်ခုစီရဲ့ တန်ဖိုးက ၆ရာခိုင်နူန်းအထိ ကျဆင်းသွားခဲ့တာလို့ သိရပါတယ်။
၂၀၂၂ ခုနှစ်နောက်ပိုင်း အိန္ဒိယစတော့ရှယ်ယာတွေ အဆိုးဆုံး အနေအထားနဲ့ နေ့စဥ်ကျဆင်းနေတာလည်း ဖြစ်ပါတယ်။
အသက်၇၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိုဒီဟာလွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း စီးပွားရေးစံချိန်သစ်ကို ထုတ်ဖော်နိုင်ခဲ့ပြီး အိန္ဒိယအတွက် ခိုင်မာတဲ့တိုးတက်မှုကာလတစ်ခုဖြစ်ခဲ့ပါတယ်။
ဒါပေမယ့်၂၀၂၄ ရွေးကောက်ပွဲမှာတော့ မိုဒီရဲ့ စွမ်းဆောင်ရည် နိမ့်ကျလာတဲ့အကြောင်း နောက်ဆုံးရလဒ်တွေက အတည်ပြုပေးနေပါတယ်။
အခုကာလကတော့ ဘာမှ လုပ်ကိုင်ပြလို မရနိုင်သေးတာမို့ ဆက်ပြီးစောင့်ကြရဦးမယ်လို့ အန္ဒိယအရေး လေ့လာသူတွေက ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
Ref: CNN
ပုံစာ။ ၂၀၂၄ ဇွန်လ ၄ရက်က တွေ့ရတဲ့ အိန္ဒိယရဲ့ စတော့ရှယ်ယာဈေးကွက်အခြေအနေတစ်ခု
Feature Image credit: Punit Paranjpe/AFP/Getty Images



