စင်္ကာပူ၊ ဇန်နဝါရီ ၁၅
Assurance Package ဘောနပ်စ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ လာမယ့် ၂၀၂၅ ဖေဖော်ဝါရီလမှာ စင်ကာပူ နိုင်ငံသား ၈၅၀၀၀၀ ဝန်းကျင်ဟာ စင်ကာပူဒေါ်လာ ၃၀၀ အထိ ရမယ်လို့ အစိုးရသတင်းတွေ အရ သိရပါတယ်။
ဝင်ငွေနည်းတဲ့ စင်္ကာပူနိုင်ငံသားတွေကို ထုတ်ပေးမယ့် ချီးမြှင့်ငွေဟာ Assurance Package Seniors ဘောနပ်စ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဖေဖော်ဝါရီလမှာ စင်ကာပူဒေါ်လာ ၂၀၀ (အမေရိကန်ဒေါ်လာ ၁၄၆) ကနေ စင်ကာပူဒေါ်လာ ၃၀၀ အထိရလာမယ့် အကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန (MOF) က ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၁၅ ရက်) မှာ တရားဝင် ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။
တခြားသော စင်္ကာပူနိုင်ငံသား ၂ သန်းခန့်ကလည်း လာမယ့်လရောက်ရင် MediSave ငွေဖြည့်သွင်းမှု အနေနဲ့ စင်္ကာပူဒေါ်လာ ၁၅၀ ကို လက်ခံရရှိလိမ့်ဦး မယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။
Ref: CAN
Feature Image Credit: CNA



