ပရီဂိုဇင် သေဆုံးမှုအတွက် အငြင်းပွားမှု တွေကို ရုရှား ဘက် ကမျိုးရိုးဗီဇစမ်းသပ်မှုတွေလုပ်ပြီးနောက် အတည်ပြု

မော်စကို၊ ဩဂုတ် ၂၇

လေယာဉ်ပျက်ကျမှုမှာ သေဆုံးခဲ့တဲ့ လူ ၁၀ ဦးထဲမှာ ဝဂ္ဂနာရဲ့ အကြီးအကဲ ပရီဂိုဇင် ပါဝင်သေဆုံးခဲ့တာ အမှန်ပဲလို့ ကြွင်းကျန်တဲ့ ရုပ်ကြွင်းတွေရဲ့ မျိုးရိုးဗီဇတွေကို စစ်ဆေးပြီး ရုရှား စုံစမ်းစစ်ဆေးသူတွေက သြဂုတ် ၂၇ ရက် တနင်္ဂနွေနေ့မှာ အတည်ပြုလိုက်ပြီလို့ သိရပါတယ်။

ရုရှားလေကြောင်းအေဂျင်စီဟာ မော်စကိုမြို့အနောက်မြောက်ပိုင်းမှာ ပျက်ကျခဲ့တဲ့  ကိုယ်ပိုင်ဂျက်လေယာဉ် ပေါ်မှာ လိုက် လာတဲ့သူ ၁၀ ယောက်လုံးရဲ့ နာမည်တွေကိုလည်း လေယာဥ်ပျက်ကျပြီး မကြာခင်မှာ ထုတ်ပြန်ခဲ့ပြီး လည်း ဖြစ်ပါတယ်။ ထုတ်ပြန်ခဲ့တဲ့အထဲမှာ ပရီဂိုဇင့်ရဲ့ ညာလက်ရုံး ဒင်မစ်ထရီ လည်း ပါတယ်လို့ သိရပါတယ်။

“လေယာဉ်ပျက်ကျမှုကို  စုံစမ်းစစ်ဆေးလို့ ရခဲ့တဲ့ အဖြေ တစ်စိတ်တစ်ပိုင်းအနေနဲ့ မော်လီကျူး-မျိုးရိုးဗီဇ စစ်ဆေးမှုတွေ ပြီးသွားပါပြီ” လို့  ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက Telegram messaging app မှာ တရားဝင် ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။

“သူတို့ရဲ့ ရလဒ်တွေအရ၊ သေဆုံးသွားတဲ့ ၁၀ ယောက် စလုံးရဲ့ အထောက်အထားတွေကို ဖော်ထုတ်ခဲ့ပါတယ်။ သူတို့ဟာ လေယာဉ်ခရီးစဥ် စာရွက်မှာ ဖော်ပြထားတဲ့ စာရင်းနဲ့ ကိုက်ညီပါတယ်” လို့ စုံစမ်းရေးကော်မတီက ပြောပါတယ်။

ပျက်ကျခဲ့တယ်ဆိုတဲ့  ကိုယ်ပိုင်ဂျက်လေယာဉ်ဟာ ကောင်းကင်ကနေ တိုက်ရိုက် ပြုတ်ကျခဲ့တာလား ဆိုတဲ့ အချက်အလက် တွေကိုတော့  ရုရှားအာဏာပိုင်တွေက ပြောဆိုတာမျိုး မရှိသေးဘူးလို့ဆိုပါတယ်။

ဒီအဖြစ်အပျက်ဟာ ပရီဂိုဇင်နဲ့ သူ့ရဲ့  ကြေးစားစစ်သားတွေဟာ  တောင်ပိုင်းမြို့ ရို့စတော့ဖ် ကို ထိန်းချုပ်ခဲ့ပြီး မြို့တော်ကနေ ကီလိုမီတာ ၂၀၀ အကွာက မော်စကို ကို တက်လာတဲ့ အဖြစ်ပျက်အပြီး နှစ်လအကြာမှာ ဒီလေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့ တာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: Reuters

Feature Image Credit: AP

Visited 15 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *