ဝဂ္ဂနာကြေးစားစစ်တပ်ခေါင်းဆောင် ယက်ဖ်ဂန်နီ ပရီဂိုဇင် လေယာဥ်ပျက်ကြပြီး သေဆုံး

ရုရှားနိုင်ငံ မှာ ဇွန် ၂၄ရက်က တွေ့ရတဲ့ ဝဂ္ဂနာခေါင်းဆောင် ပရီဂိုဇင်
Photo Credit :Reuters

မော်စကို၊ ဩဂုတ် ၂၄

ရုရှားကြေးစားစစ်တပ် ဝဂ္ဂနာရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ယက်ဖ်ဂန်နီ ပရီဂိုဇင် ဟာ ရုရှားနိုင်ငံ မော်စကိုမြို့ အနောက် မြောက် ပိုင်း ဒေသတစ်ခုမှာ  ပျက်ကျခဲ့တဲ့  လေယာဉ်မတော်တစ်ဆမှုမှာ သေဆုံးခဲ့တယ်လို့  ဒီနေ့ ဩဂုတ်လ ၂၄ရက် မှာ ရုရှား အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် လေယာဥ်ပေါ်မှာ လိုက်ပါသွားတဲ့သူ တွေထဲမှာ အသက်ရှင်ကျန်ရစ်သူ မရှိဘူးလို့လည်း ပြောပါတယ်။လေယာဉ် ပျက် ကျတဲ့ နေရာမှာ ရုပ်အလောင်း ရှစ်လောင်းတွေ့ရှိခဲ့တယ်လို့  ရုရှားနိုင်ငံပိုင်မီဒီယာမှာ  ဖော်ပြပါတယ်။လေယာဉ်ပေါ်မှာ လူ ၁၀ယောက် လိုက်ပါသွားခဲ့တာ ဖြစ်တယ်လို့လည်း နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ လေယာဉ်ပျက်ကျမှုနောက်ကွယ်မှာ  ဗလာဒီမာပူတင် ရှိနေလိမ်မယ်လို့ သုံးသပ်ခဲ့ သလို  “ဘာဖြစ်ခဲ့တယ်ဆိုတာ အတိအကျ မသိပေမယ့် မအံ့သြပါဘူး” လို့လည်း ပြောဆိုလိုက်ပါတယ်။

ပရီဂိုဇင်ဟာပျက်ကျသွားတဲ့  လေယာဉ်ပေါ်မှာ လိုက်ပါခဲ့တယ်လို့  ရုရှားနိုင်ငံပိုင် လေကြောင်းအေဂျင်စီက အတည်ပြုပြော ဆိုတယ်လို့လည်း သိရပါတယ်။

စောင့်ကြည်လေ့လာနေသူတွေကတော့ လေယာဥ်ကို ပစ်ချလိုက်တာလား၊ဒါမဟုတ် ဗုံးထည့်ပေးလိုက်တာ မသိနိုင်သလို ပရီဂိုဇင် သေဆုံးတယ်ဆိုတာလည်း အတည်ပြုနိုင်ဖို့ သတင်းတွေ မလုံလောက်သေးဘူးလို့  ဝေဖန်သုံးသပ်နေကြတယ်လို့ သိရပါတယ်။

Ref: CNN

Feature Image Credit: ABC

Leave a Reply

Your email address will not be published. Required fields are marked *