ဝဂ္ဂနာခေါင်းဆောင် ပရီဂိုဇင် သေဆုံးမှု့အပေါ်  ရုရှားသမ္မတ ပူတင်က ဝမ်းနည်းကြောင်း ပြောဆို

ပျက်ကျပြီး မီးလောင်နေတဲ့ လေယာဥ်ကို တွေ့ရပုံ
Photo credit: AFP/TELEGRAM

ကူရှန်ကီနို( ရုရှား)၊ ဩဂုတ် ၂၅

သြဂုတ် ၂၄ ရက် ကြာသပတေးနေ့ အစောပိုင်းက လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့ရတဲ့ ဝဂ္ဂနာ ကြေးစားအရံ တပ်ဖွဲ့ခေါင်းဆောင် ပရီဂိုဇင် အတွက် ဝမ်းနည်းစကားတချို့ သမ္မတပူတင်က ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

သမ္မပူတင်တစ်ယောက် အစပိုင်းမှာ  နှုတ်ဆိတ်နေရာက  ရုပ်မြင်သံကြားကနေ တစ်ဆင့် လေယာဉ်ပျက်ခဲ့တာကို “ကြေကွဲစရာ” အဖြစ် ဖော်ပြပြီး  ပရီဂိုဇင်အပါအဝင် သေဆုံးခဲ့တဲ့ အခြားအကြီးတန်းတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေကို အလေးအနက်ထား ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။

နောက်ဆုံးအတည်ပြုချက်တွေအရ ပရီဂိုဇင် အပါအဝင် လေယာဥ်ပေါ်မှာ လိုက်ပါလာတဲ့သူ ၁၀ယောက်စလုံး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မော်စကို အနေနဲ့ လေယာဥ်ပျက်ကျမှုကိုစုံစမ်းစစ်ဆေးဖို့ ကြိုးစားခဲ့ပေမယ့် နောက်ထပ်   လုပ်ကြံသတ်ဖြတ်မှု တွေ ဖြစ်လာနိုင်တယ်ဆိုတဲ့  ထင်ကြေးပေးမှုတွေ  တိုးလာတာမို့ စုံစမ်းစစ်ဆေးရေးမှူးတွေက နှုတ်ဆိတ်နေ ခဲ့ကြတယ်လို့လည်း သိရပါတယ်။

သမ္မတ ပူတင်ကဒီဖြစ်ရပ်ဟာ သူနဲ့ဘာမှမဆိုင်ဘူးလို့  အခိုင်အမာ ပြောပါတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ ဒီအဖြစ်အပျက်ကို လူတိုင်းနားလည်မယ်ထင်ပါတယ် လို့ပြောဆိုပါတယ်။ ဇလန်းစကီးကပဲ “Hague မှာ တရားရုံးတစ်ခုရှိတယ်၊ ဘုရားသခင်ရဲ့ တရားရုံးတစ်ခုရှိတယ်။ ဒါပေမယ့် ရုရှားမှာ လည်း အစားထိုးစရာ (တရားရုံး) တစ်ခုရှိတယ်” ဆိုပြီး လေယာဥ်ပျက်ကြတာနဲ့ ပတ်သက်ပြီး မီဒီယာ တွေကို ပြောခဲ့ပါတယ်။

“ကျွန်တော် ပရီဂိုဇင့်ကို ၉၀ပြည့်နှစ် အစောပိုင်းကတည်းက သိခဲ့တာ တော်တော်ကြာပါပြီ။ သူက ရှုပ်ထွေးတဲ့ ကံကြမ္မာနဲ့ သူ့ဘ၀မှာ ကြီးလေးတဲ့ အမှားတွေ လုပ်ခဲ့ပေမယ့် မှန်ကန်တဲ့ ရလဒ်တွေ ရခဲ့ပါတယ်” လို့လည်း ပူတင်က ပြောဆိုပြန်ပါတယ်။

၂၀၂၃ ဇွန် ၂၃ ရက်ကနေ  ၂၄ ရက်အထိ ပြည်တွင်းစစ်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်သတိပေးခဲ့တဲ့ ဝဂ္ဂနာပုန်ကန်မှုနဲ့ ပတ်သက်ပြီး   ပူတင်က ရုရှားနိုင်ငံသားတွေကို မိန့်ခွန်းတစ်ရပ် ပြောခဲ့ပါတယ်။ အဲ့ဒိမိန့်ခွန်းမှာ ပူတင်က ပရီဂိုဇင့်ကို “သစ္စာဖောက်” ဆိုပြီး ခေါ်ဝေါ်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

Ref: AFP

အမေရိကန်လေတပ်ဌာနချုပ် ပန်တဂွန်ကတော့ လေယာဥ်ပျက်ကျတဲ့ ကိစ္စမှာ တာဝေးပစ်ဒုံးကျဥ် သုံးထားတာ မတွေ့ရဘူးလို့ မှတ်ချက်ပေးပါတယ်။
Photo Credit: AFP/TELEGRAM

Feature Image Credit: AFP

Leave a Reply

Your email address will not be published. Required fields are marked *