“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စစ်ဘေးရှောင်ပြည်သူများ လာရောက်ခိုလှုံနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် တိုက်ပွဲဖြစ်ပွားရာနေရာများအနီး မြို့များနဲ့ကျေးရွာနေ ပြည်သူများက “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းကို နိုဝင် ဘာဒုတိယအပတ်တွင်းက စပြီး ဘေးရှောင်ပြည်သူများ လာရောက်ခိုလှုံနေတယ်လို့ သိရပါတယ်။

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ခိုလှုံရောက်ရှိလာတဲ့ စစ်ဘေးရှောင်ပြည်သူများကို နိုင်ငံရေးဌာန၊ဌာနကြီးမှူး ဦးကျောက်အိုက်နပ်လိုင်း ဦးဆောင်တဲ့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဗဟိုကော်မတီအဖွဲ့ က နိုဝင်ဘာလ ၁၂ရက်က သွားရောက်တွေ့ဆုံပြီး “ဝ” ဒေသက ပေး အပ်ထားတဲ့ လိုအပ်တဲ့ကူညီမှုဆိုင်ရာများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး နှစ်သိမ့်အားပေးခဲ့ကြတယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *