လ/ယ(၃၀)အကြောင်းသိကောင်းစရာ

လ/ယ (၃၀) အရ ယာမြေကို ပြည်နယ်/ တိုင်း အစိုးရမှ ခွင့်ပြုနိုင်ပြီး၊ လယ်မြေကို ပြည်ထောင်စုအဆင့် ဗဟို လယ်/ စီမှ ခွင့်ပြု ပေးတာဖြစ်ပါတယ်၊ ဒီနေရာမှာ တစ်ခု သတိ ထားစေချင်တာကတော့ ယာဖြစ်စေ၊ လယ် ဖြစ်စေ လ/ယ (၃၀) လျှောက်ထား နိုင်ပါ တယ်။ လျှောက်ထားတိုင်း ခွင့်ပြု ခြင်း၊ မပြုခြင်းက သက်ဆိုင်ရာ ရပ်/ကျေး လယ်/စီ မှ ဗဟိုလယ်/စီထိ လယ်/စီအဖွဲ့ အဆင့်ဆင့်ရဲ့ ကွင်းဆင်းမှတ်တမ်းတွေနဲ့ သဘောထားမှတ်ချက်တွေအပေါ်မှုတည်ပြီး ခွင့်ပြုသင့်/ မသင့် ဆုံးဖြတ်ကြတာပါ။ ဆိုလို ချင်တာကတော့ လျှောက်ထားတိုင်း လည်း ခွင့်ပြုမယ်လို့ ပြောလို့မရဘူး ဆိုတာ ပါပဲ။ လက်ရှိ အခြေအနေမှာ ဖြစ်ပေါ်နေ ကြတာက လ/ယ(၃၀) လျှောက်ထားပြီ ဆိုတာနဲ့ အိမ်ခြံမြေအဖြစ် အသုံးပြုကြပြီး အဆောက်အဦးတွေ ဆောက်ကြတော့ တာပါပဲ။ အချို့က ကုန်းမြေဆိုပြီး ဘာမှ မလျှောက်ထားပဲ လယ်/ ယာတွေ ပေါ်မှာ အကွက်ရိုက်ပြီး အိမ်ဆောက်တော့တာပါပဲ။

သတိထားစရာ- လျှောက်ထားဆဲသည် ခွင့်ပြုမိန့် မဟုတ်ပါ

အကယ်၍- လျှောက်ထားဆဲကာလဖြစ်စေ၊ လျှောက်ထားခြင်း မရှိပဲ ဖြစ်စေ၊ ခွင့်ပြုချက် မရှိပဲ လယ်/ ယာ‌မြေကို အခြားနည်း အသုံး ပြုပါက လယ်ယာမြေဥပဒေ ပုဒ်မ- ၁၂ ပါ စည်းကမ်းချက် ထဲမှ ပုဒ်မခွဲ (စ) ကို ဖောက် ဖျက်ကျူးလွန်နေတယ်ဆိုတာ သတိပြုကြ စေချင်ပါတယ်။

လယ်ယာမြေဥပဒေ ပုဒ်မ ၁၂ ပါ စည်းကမ်း ချက်တစ်ခုခုကိုဖြစ်စေ အားလုံးကိုဖြစ်စေ ဖောက်ဖျက်ကျူးလွန်ပါက ပုဒ်မ ၁၉ နဲ့ အရေးယူခြင်းခံရ နိုင်ပါတယ်။ ပုဒ်မ ၁၉ မှာ အချက် ၄ ချက်နဲ့ အရေးယူပါတယ်။

(က) သတ်မှတ်သည့်ဒဏ်ကြေး ပေး ဆောင်စေခြင်း။

(ခ) သတ်မှတ်သည့် နည်းလမ်းအတိုင်း လယ်ယာမြေကို လုပ်ကိုင်ခွင့်ပြုခြင်း။

(ဂ) လယ်ယာမြေပေါ်မှ နင်ထုတ်ထိုက်သူကို

နှင်ထုတ်ခြင်း။

(ဃ) လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိပဲ ဆောက်လုပ်ထား သော အဆောက်အဦ များကို ဖယ်ရှားခြင်း။

ဆိုတာတွေနဲ့ အရေးယူခြင်းခံရနိုင်ပါတယ်။

ပုဒ်မ (၁၉) အရ အရေးယူခြင်းခံရသူက သတ်မှတ်သည့်နေ့ရက်အတွင်း လိုက်နာ ခြင်းမရှိပါက-

ပုဒ်မ (၂၀) (က) အရ မြို့နယ် လယ်/စီအဖွဲ့ ကသော်လည်းကောင်း၊ မြို့နယ် လယ်/စီ အဖွဲ့က တာဝန်ပေးအပ်သော ပုဂ္ဂိုလ်က သော်လည်းကောင်း သက်ဆိုင်ရာ တရား ရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုနိုင်ပါတယ်။

ပြစ်မှု/ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၂၀) အရ တရားစွဲပါက ပုဒ်မ (၃၅) အရ အနည်းဆုံး (၆) လမှ အများဆုံး (၂) နှစ်အထိ ထောင် ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်(၃) သိန်းမှ အများဆုံး ကျပ်(၅) သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမည်ဖြစ် ပါတယ်။

ထပ်မံသတိပြုစေချင်တာက- ချမှတ်နိုင် သည်မဟုတ်ပါ။ချမှတ်ရမည်ဖြစ်ပါတယ်။

စေတနာရှေ့ထား လေးစားစွာဖြင့် ကောက်နုတ်တင်ပြရပါသည်။

ကိုးကား လယ်စီ

စာဖတ်​သူများသိရှိနိုင်​ရန်​အတွက်​ ပြန်​လည်​ကူးယူ​ဖော်​ပြ​ပေးတာဖြစ်​ပါတယ်​။

Leave a Reply

Your email address will not be published. Required fields are marked *