လှိုင်သာယာမြို့နယ်က သုံးလောင်းပြိုင်လူမှုရဲ့ လူသတ်တရားခံ ဖမ်းမိ

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊အမှတ် (၁၈) ရပ်ကွက်၊အနန္တသူရိယလမ်းက နေအိမ်တစ်အိမ်မှာ အသက်၅၀ကျော်အရွယ်လင်မယားနဲ့အသက်၉နှစ်အရွယ်သားဖြစ်သူတို့ကိုသတ်ခဲ့တဲ့ သုံးလောင်းပြိုင်လူသတ်မှုကျူးလွန်တဲ့ လူသတ်တရားခံကို စက်တင်ဘာလ ၈ရက်နေ့က ဖမ်းဆီး ရမိခဲ့တယ်လု့ိ သိ ရပါတယ်။

ဖမ်းဆီးရမိတဲ့တရားခံကို စစ်ဆေးဖော်ထုတ်ချက်များအရ သေဆုံးသူအမျိုးသမီးနဲ့အမျိုးသားလင်မယားတို့မှာ ရပ်ကွက်အတွင်း အတိုးနဲ့ငွေချေးငှားတဲ့လုပ်ငန်းလုပ်ကိုင်ကြသူများဖြစ်ပြီး အခင်းဖြစ်ပွားတဲ့နေ့မှာ ယခင်ကငွေချေးငှားခဲ့ဖူးသူ ရဲကိုနိုင်မှာ နေအိမ်ကို ရောက်ရှိလာပြီး ငွေ ၂၀၀၀၀၀ ကျပ် ချေးငှားခဲ့ရာမှာ မပေးခဲ့တာကြောင့် လင်မယားနှစ်ဦးစလုံးကို ဓါးဖြင့်ထိုးသတ်ခဲ့ပြီး ကုတင်ပေါ်ရှိနေတဲ့ ကလေးငယ်ဖြစ်သူကိုပါ ထပ်မံဓါးနဲ့ထိုးသတ်ခဲ့ပြီး ရွှေထည် ပစ္စည်းများနဲ့ငွေကြေးများအားယူဆောင်သွားခဲ့တာလို့ သိရပါတယ်။

အဲဒီသုံးလောင်းပြိုင်လူသတ်မှုဖြစ်စဉ်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလ၄ရက် ဖြစ်ပွားခဲတာဖြစ်ပြီး ပြစ်မှုကျူးလွန်သူကို အခင်းဖြစ်ပွားအပြီးငါးရက်အကြာမှာ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *