လှိုင်သာယာတွင် ၉ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ၃လောင်းပြိုင် လူသတ်မှုဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာ(အနောက်)မြို့နယ်၊အနန္တသူရိယလမ်းရှိ နေအိမ်တစ်အိမ်တွင် ယနေ့ စက်တင်ဘာလ ၄ ရက်မွန်းလွဲ ၁နာရီ အချိန်ခန့်ကအသက် ၉ နှစ်အရွယ် (ကျား) အပါအဝင် မိသားစု ၃ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

အသတ်ခံရသူများမှာ လှိုင်သာယာအနောက်ပိုင်း ၁၈ ရပ်ကွက် အနန္တသူရိယလမ်း အမှတ် ၈၄၁ အိမ်ရှင် ဦးဌေးလွင် ၅၉ နှစ် ဒေါ်စုလှိုင်ဝင်း ၅၂ သား ဖြိုးမြတ်ကိုကို ၉ နှစ်တို့ ဖြစ်ပြီးနေအိမ်အပေါ်ထပ်အခန်းအတွင်း ဓားဒဏ်ရာများဖြင့်သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမိသားစုမှာငွေတိုးချေးသူများဖြစ်ကြောင်းနှင့် ကျူးလွန်သူအားစုံစမ်းဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူကပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *