လှိုင်မြို့နယ်မှာ YBSနဲ့Taxiကားနှစ်စီး ယာဉ်တိုက်မှုဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အ မှတ်(၁၅)ရပ်ကွက်၊ ဘုရင်နောင်လမ်း၊ ပါရမီမီးပွိုင့်ထိပ်မှာ မေလ၂၀ရက် ည၁၀ နာရီ၂မိနစ်ကYBS နဲ့ Taxi ကားနှစ်စီး ယာဉ် တိုက်မှုဖြစ်ပွားခဲ့ပြီး Taxiကားပေါ်ပါ အမျိုး သားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ် တွေဆီက သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့သူ တစ်ယောက်က“ရွှေသံလွင်ဘုရား အ ကျော်နားGRAVE ရှေ့မှာတင် ဖြစ်တာ။YBS က မိုက်ရိုင်းပြီး ကွေ့ကားကို တည့်ဖြတ်တိုက် တာ။Taxi သမား သနားပါတယ်။သေသွားရှာ ပြီ။ကိုယ်တိုင်မြင်လာခဲ့တာပါ။YBSလည်း လမ်းဘေးအပင်တွေကြားမှာ တုံးလုံးလဲပြီး Taxi လေး ခမျာ အငွေ့တွေထွက်ပြီး ညော်နံ့ တွေနဲ့စိစိညက်ညက်ကို ကျေမွပြီးပြားချပ် နေတာပဲ ရစရာကို မရှိဘူး´´လို့ပြောပါတယ်။

ဖြစ်စဉ်မှာ မေလ၂၀ရက် ည၁၀နာရီ၂မိနစ် ကလှိုင်မြို့နယ်၊ အမှတ် (၁၅)ရပ်ကွက်၊ ဘုရင်နောင်လမ်း၊ပါရမီမီးပွိုင့်ထိပ်မှာ ကYBS နဲ့ Taxi ကားနှစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာကြောင့်လှိုင်မြို့နယ်မီးသတ်စ ခန်းက ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနဲ့ ကယ်ဆယ် ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးခဲ့ပြီး ယာဉ်တိုက်မှုကြောင့် အမျိုးသမီး(၁)ယောက်(သေဆုံး)နဲ့အမျိုးသား(၁)ယောက် (သေဆုံး)တို့ကို ပရိဟိတအသင်းများက လူနာတင်ယာဉ်နဲ့ မြောက်ဉက္ကလာပပြည် သူ့ဆေးရုံကြီးကုပို့ဆောင်ပေးခဲ့တယ်လို့ သိရ ပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *