ယာဉ်တိုက်မှုဖြစ်ပွားရတဲ့အကြောင်းအရင်း မသိရသေးဘဲ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူအမျိုးသား ထိခိုက်ဒဏ်ရာရရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်၊ကျွန်းကလေးကျေးရွာ၊ရွှေမှန်တင်ရပ်ကွက်လှည်းကူးတိုးဂိတ်အကျော် Denko ဆီဆိုင်ရှေ့ လမ်းမပေါ်မှာ သြဂုတ်လ၅ရက်နေ့ မနက်၈နာရီက ကားနဲ့ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသား ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရရှိခဲ့သူအမျိုးသားကို မြို့မမေတ္တာလူမှုရေးအသင်းက မော်တော်ယာဉ်နဲ့ လှည်းကူးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။