လှည်းကူးမြို့နယ်အတွင်း ရပ်ကွက်၂ခုနဲ့ကျေးရွာ၁၅ရွာတို့မှာ ရေကြီးနစ်မြှုပ်မှုများဖြစ်ပေါ်နေ

ရေကြီးနစ်မြှုပ်မှုဖြစ်ပွားရာနေရာများမှာ မြို့မရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ ကျွန်းကလေး၊ ကျောက်ကုဒင်၊ စွယ်လပ်၊ ဇရပ်ကွင်း၊ ဖောင်ကြီး(အရှေ့)၊ စခန်းကြီး၊ ကြာအင်း၊ ကလီထော်(အနောက်)၊ ကလီထော်(အရှေ့)၊ မင်းကုန်း၊ ဖဲခမဲ၊ စာဘူးတောင်း၊ ငါးဆူတောင်၊ သူငယ်ချောင်းနဲ့အုန်းနှဲကုန်းကျေးရွာများဖြစ်

ရေကြီးနစ်မြှုပ်မှုဖြစ်ပွားရာနေရာများကို ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး ဦးဆောင်ပြီး ကယ်ဆယ်ရေး ရေယာဉ် (၁၂)စီး၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်(၅၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၅)ဦးတို့နဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *