လွှတ်တော်ကို လုံးဝမလာဘဲ ပျက်ကွက် ခဲ့တဲ့ ဂျပန်လွှတ်တော်အမတ်ကို ဖမ်း လိုက်ပြီ

ယူကျုလူမှုကွန်ရက်မှာ ဂါးဆိုင် (GaaSyy)လို့ သိကြတဲ့ ယောရှိကဇုဟိဂရှိ တနိဟာ ဂျပန်လွှတ်တော်အမတ်တစ် ယောက်ပါ။ ယူကျုမှာ လူသိများလာလို့ အပျော်သဘောရွေးကောက်ပွဲဝင်ပြိုင်ရာကနေ သူ့ယူကျုပရိသတ်တွေဝိုင်းပေးကြတဲ့ထောက်ခံမဲတွေကြောင့် အမတ်ဖြစ်လာခဲ့တာ ဖြစ်ပါ တယ်။

အမတ်ဖြစ်လာပေမယ့် လွှတ်တော် ရုံး ကိုသွားပြီးသတင်းလည်းမပို့ လွှတ်တော် လည်းမတက်ဘဲ ပျက်ကွက်ခဲ့တဲ့အတွက် စာအတန်တန်ပို့ပြီး လာရောက်ဖို့ တိုက် တွန်းတယ်။မလာတဲ့အဆုံး လွှတ်တော်ကို လူကိုယ်တိုင်လာပြီး တောင်းပန်ဖို့ စာထုတ် လိုက်တယ်။

ဒါပေမယ့် ယောရှိကဇုဟိဂရှိတနိဖက်က မသိကျိုးကျွံပြုခဲ့လို့ နောက်ဆုံးတော့ ဂျပန် လွှတ်တော်က သူ့ကို ထုတ်ပယ်ပစ်လိုက် တယ်။ နောက်နောင်ဘယ်တော့မှ လွှတ် တော်အမတ်ရွေးကောက်ပွဲဝင်ပြိုင်လို့မရတော့အောင် ပိတ်ပင်တားမြစ်တာလည်း ခံရတယ်။

တကယ်ဆိုရင် ယောရှိကဇုဟိဂရှိတနိဟာ ဂျပန်က နာမည်ကျော်ကြားသူတွေအ ကြောင်းအတင်းအဖျင်းတွေ ယူကျုမှာ တင်ပြီးနာမည်ကျော်ကြားလာခဲ့တာဖြစ်ပါ တယ်။ ၂၀၂၂ခု နှစ်က နာမည် ကျော်ဂျပန် ရုပ်ရှင်သရုပ်ဆောင် စွန့်ဦးတီထွင်သူ ဒီဇိုင်နာတစ်ဦးက သူ့ကို အသရေဖျက် တယ်လို့စွဲချက်တင်တာ မဖြေရှင်းရဲ လို့ ပြည်ပကို ရှောင်ပြေးခဲ့တာဖြစ်တယ်။ တူရကီလို့ပြောပြီး ယူအေအီးကို ရောက်သွား ရာကနေ အဲဒီမှာပုန်းခိုနေခဲ့တာပါ။

နောက်ဆုံးမှာသူ့ ပြည်ဝင်ခွင့် သက်တမ်း ကုန်သွားလို့ပြန်အလာ အသင့်စောင့်နေကြ တဲ့ရဲတွေက ဖမ်းလိုက်ကြတာလို့ ဆိုပါ တယ်။

Ref: CNN

Leave a Reply

Your email address will not be published. Required fields are marked *