၁၀ ဒီဇင်ဘာ၊၂၀၂၃
ကယားပြည်နယ်၊လွိုင်ကော်မြို့ သီရီမင်္ဂလာမြို့မစျေးကြီး ဒီနေ့မနက်၁နာရီကျော်အချိန်က မီးလောင်မှုဖြစ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မီးလောင်မှုက ဒီနေ့မနက် (၆)နာရီကျော်အထိ ဆိုင်ခန်းများ မီးလောင်နေပြီး ဈေးတစ်ခုလုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။





” ညသန်းခေါင်နားရောက် မှ တောင်စျေး မီးစ လောင်တယ် ။ ခုမနက် ၆နာရီလောက်ထိ မငြိမ်းသေးဘူး ။တစျေးလုံးကုန်ပါပြီ” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။
နှစ်ပေါင်း ၃၀ ကျော်သက်တမ်းရှိပြီး၊ ဒေသခံတွေရဲ့ အားကိုးအားထားရတဲ့ ဈေးကြီးဖြစ်ပြီး၊အနီးနားဝန်းကျင်ကဒေသခံတိုင်းရင်းသား အများစု လာရောက် ဈေးရောင်းနေတဲ့ စျေးကြီးတစ်ခုဖြစ်ပါတယ်။
အချို့က မီးလောင်မှုက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့်လို့ မှတ်ချက်ပြုထားကြပါတယ်။
Visited 27 times, 1 visit(s) today



