လွိုင်ကော်မြို့ကို ပြန်ပြီးပစ္စည်းယူဖို့အတွက် ကားငှားရခက်နေ

ဇန်နဝါရီ၊၁၈

လွိုင်ကော်မြို့ကပြည်သူတွေ နေရပ်ပြန်ပစ္စည်းယူတာတွေလုပ်ဖို့ ကားခခ၅သိန်းအကုန်ကျခံကာပြန်ယူနေကြပေမယ့် ကားသမားအများစုမလိုက်ရဲကြတာကြောင့် ကားငှားဖို့ခက်ခဲနေတယ်လို့ ကားအငှားလိုက်သူတွေဆီက သိရပါတယ်။

“ပစ္စည်းသယ်တဲ့ကားတွေနှစ်ဦး၃ဦးစုငှားကြတာပစ်ခတ်ခံရတဲ့သတင်းကြားပြီးမလိုက်ရကြတော့ဘူး၊တန်ဖိုးကြီးပစ္စည်းအချို့ကျန်ခဲ့တော့ပြန်ယူချင်ကြတာကားကငှားမရဘူး”လို့ဆီဆိုင်မြို့ကိုစစ်ဘေးရှောင်နေသူတဦးကပြောပါတယ်။

လွိုင်ကော်မြို့မှာ တိုကိပွဲတွေဆက်လက်ဖြစ်ပွားနေတာမို့ လွိုင်ကော်မြို့ခံပြည်သူအများစုဟာ နယ်မြေတဆက်တည်းရှိနေတဲ့ ရှမ်းပြည်တောင်ပိုင်းဆီဆိုင်မြို့နယ်တွေမှာစစ်ဘေးရှောင်နေကြရပြီး၊စုစုပေါင်း၃၀၀၀၀နီးပါးရှိနေတယ်လို့ သိရပါတယ်။

ဆီဆိုင်မြို့မှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်သူအချို့ကနေအိမ်တွေမှာကျန်ရှိတဲ့ ဆိုင်ကယ်၊အိမ်သုံးပစ္စည်းတွေ၊စားနပ်ရိက္ခာတွေပြန်ယူတာရှိနေပြီး၊အချို့က နေအိမ်မှာ ပြန်လည်နေထိုင်တာတွေပြုလုပ်ဖို့ ဆီဆိုင်မြို့ခံကားသမားတွေဆီကနေငှားနေကြတာလို့ သိရပါတယ်။

ဆီဆိုင်မြို့ကနေ လွိုင်ကော်မြို့ကိုသွားတဲ့ကားလမ်းတွေပိတ်ထားလို့ ကျေးရွာတွေထဲက လမ်းတွေကနေသွားရောက်နေကြတာမို့ ကားခတွေစျေးမြင့်နေတာလို့ဆိုပြီး၊ ကားသမားအများစုမလိုက်ရဲကြဘူးလို့ သိရပါတယ်။

သည်ရက်ပိုင်းအတွင်းနေရပ်ပြန်ပြီး ပစ္စည်းတွေကို ပြန်လည်သယ်ယူရာလက်နက်ကြီးပစ်ခတ်ခံရပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

လွိုင်ကော်မြို့ကဒေသခံအိမ်တွေကိုသူခိုးတွေက ခိုးယူနေကြပြီး၊အချို့အိမ်တွေလဲမီး​လောင်ပျက်စီးနေကြလို့​မပြန်သင့်သေးဘူးလို့ သည်ရက်ပိုင်းလွိုင်ကော်မြို့ကိုပြန်ရောက်ခဲ့တဲ့ စစ်ရှောင်တဦးက ပြောပါတယ်။

သူက”အိမ်တွေအဖောက်ခံထားရတော့ဘာမှမကျန်ဘူး သူခိုးတွေသောင်းကျန်းနေကြတယ် တောလမ်းကသွားရလို့ ၃နာရီကြာမယ့်ခရီးက ၁၀နါရီကြာခဲ့တယ်”လို့လက်ရှိအခြေနေကိုပြောပါတယ်။

မြို့ပြစစ်ဆင်ရေးဖြစ်တဲ့ ၁ လေးလုံးစစ်ဆင်ရေးကို ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ နေရပ်မပြန်သေးကြဘဲ တောင့်ခံပေးကြဖို့ တော်လှန်ရေးအင်အားစုတွေက မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *