၁၄ နိုဝင်ဘာ၊၂၀၂၃
တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် လွိုင်ကော် တက္ကသိုလ်မှာ ဖြေဆိုမယ့် အဝေးသင် တတိယ အသုတ်စာမေးပွဲများကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တယ်လို့ မြို့ခံအချို့ဆီကသိရပါတယ်။

“လွိုင်ကော်တော့ ရက်ရွှေ့သွားတယ်၊လွိုင်ကော်တက္ကသိုလ်ကို တော်လှန်ရေးအဖွဲ့တွေသိမ်းလိုက်ပြီလို့ ကြားတယ်။စာမေးပွဲဖြေမယ့်သူတွေလဲမသွားကြတော့ဘူး”လို့ဒေသခံတဦးက ပြောပါတယ်။
စစ်တပ်တပ်ဖွဲ့တွေတပ်စွဲ ထားတဲ့ လွိုင်ကော်တက္ကသိုလ်ကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက နိုဝင်ဘာ၁၃ရက်နေ့ မှာ သိမ်းပိုက်လိုက်တာလို့တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။
လွိုင်ကော် တက္ကသိုလ်မှာ ဖြေဆိုမယ့် အဝေးသင် တတိယ အသုတ်စာမေးပွဲတွေကိုနိုဝင်ဘာ၁၃ရက်နေ့က စတင်ဖြေဆိုကြရဖို့ ရှိတယ်လို့ သိရပါတယ်။
” တက္ကသိုလ်က ဆရာ၊ ဆရာမတွေ ကျောင်းသား၊ ကျောင်းသူတွေ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိစေရေး ဘေးကင်းလုံခြုံစေရေးတွက် ပို့ဆောင်ရေး၊ ဘေးကင်းရာနေရာများကို ပို့ဆောင်ရေး ဆောင်ရွက်လျက်ရှိတယ်။
ဆက်လက်ပြီး ကျန်ရှိနေတဲ့လူတွေကို ကယ်ထုတ်ရေး ကျွန်တော်တို့ ဆက် လက်ဆောင်ရွက်လျက်ရှိတယ်။ “လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ ၁၃ရက်နေ့ကပြောကြားထားပါတယ်။