လွိုင်ကော်တက္ကသိုလ်ကနေ ထိန်းသိမ်းခံထားရတဲ့ ဝန်ထမ်း ၁၀၀ကျော် ပြန်လည်လွတ်မြောက်လာ

ကယားပြည်နယ်၊လွိုင်ကော်မြို့မှာ စစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေအကြားမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် စစ်ဘေးရှောင်ရင်း ထိန်းသိမ်းခံထားရတဲ့လွိုင်ကော်တက္က သိုလ်က ဝန်ထမ်းတွေထဲက ၁၀၀ကျော် ပြန်လည်လွတ် မြောက်လာတယ်လို့ သိရပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်ပွဲများကြား ပိတ်မိနေတာကြောင့် ကယ်ဆယ်ခဲ့ရတဲ့ Non-CDM ဝန်ထမ်းနှင့် မိသားစုဝင် ၂၀၄ ဦးထဲက ၁၀၇ ဦးကို နေရပ်ပြန်နိုင်ရန် စီစဉ်ပေးခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီအနေနဲ့ ပြန်လွှတ်ပေးခဲ့တဲ့ Non-CDM ဝန်ထမ်းတွေကို CDM မလုပ်ခဲ့တဲ့အတွက် ဝန်ချတောင်းပန်စေပြီး စစ်ကောင်စီရဲ့ယန္တရားမှန်သမျှမှာ မပါဝင်တော့ဘားလို့ ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးခဲ့တာလို့ သိရပါတယ်။

ကျန်ရှိနေသေးပြီး ကယ်ဆယ်ခဲ့ရတဲ့ Non-CDM များနဲ့ မိသားစုဝင်များကို လိုအပ်တဲ့ စုံစမ်းစစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးပါက နေရပ်ပြန်နိုင်ဖို့ ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ကြေညာထားပါတယ်။

Visited 16 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *