လွိုင်ကော်စစ်ဘေးရှောင်များ ဆက်လက်ထွက်ခွါ

၂၀ နိုဝင်ဘာ၊၂၀၂၃

ကယားပြည်နယ်၊လွိုင်ကော်မြို့မှာပိတ်မိနေတဲ့ ပြည်သူတွေအများအပြားကျန်ရှိနေသေးပြီး တနေ့ကိုလူတစ်ရာနီးပါး အခြားမြို့တွေကိုထွက်ခွာနေကြတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။

စစ်ရှောင်တွေကို မနက်၄နာရီကစပြီး၊သတ်မှတ်ထားတဲ့စုရပ်နေရာကနေရှမ်းပြည်နယ်၊ဆီဆိုင်၊ဟိုပုံး၊ညောင်ရွှေ အောင်ပန်း၊ပင်လောင်မြို့တွေကို ပို့ပေးကြတာဖြစ်ပါတယ်။

“ပိတ်မိ​​ကြသေးတယ်၊နောက်ရင်တွေဆက်ထွက်ကြမှာသက်ကြီးရွယ်အို ၊ ကလေး၊အမျိုးသမီး ၊ မသန်စွမ်းတို့ကို ဦးစားပေးတယ်၊တရက်ကို လူ၁၅၀ကျော်လောက် အခမဲ့ပို့ကြတယ်”လို့ဒေသခံတဦးက ပြောပါတယ်။

ကယားပြည်နယ်က စစ်ရှာင်တွေကိုပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLOက ကူညီပေးနေပြီး

နေစရာအိမ်တွေ၊စားစရာတွေ ကူညီပေးနေကြတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ၁၉ရက်နေ့ကစပြီးကယားပြည်နယ်၊လွိုင်ကော်မြို့ကနေစစ်ဘေးရှောင်လာတဲ့ပြည်သူတွေကိုတောင်ကြီးမြို့၊ အေးသာယာမြို့သစ်၊ ရွှေညောင်မြိုနဲ့ကျောက်တလုံးကြီးကျေးရွာတို့မှာ တရားဝင်လက်ခံခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *