လွိုင်ကော်က စစ်ဘေးရှောင်တွေကို တောင်ကြီးမြို့နယ်ထဲ တရားဝင်စလက်ခံ

၁၉ နိုဝင်ဘာ၊၂၀၂၃

ကယားပြည်နယ်၊လွိုင်ကော်မြို့ကနေ စစ်ဘေးရှောင်လာတဲ့ပြည်သူတွေကိုတောင်ကြီးမြို့၊ အေးသာယာမြို့သစ်၊ ရွှေညောင်မြိုနဲ့ကျောက်တလုံးကြီးကျေးရွာတို့မှာ တရားဝင်လက်ခံခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

လွိုင်ကော်ကနေ နေရပ်စွန့်ခွာလာသူများ နေရာမရသေးတဲ့ အခက်အခဲဖြစ်နေတဲ့မိသားစုဝင်များအတွက် ညောင်ရွှေမြို့ အပါဝင်မြို့နယ်အချို့ကနေအိမ်၊တည်းခိုခန်းတွေမှာ လနဲ့ချီ အခမဲ့နေ့ခွင့်ပြုတာမျိူးတွေရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ််။

“အချို့နေရာတွေက အခမဲ့နှစ်လ တည်းခိုခွင့်ပြုတယ်၊ လမ်းတလျောက်အစားအစာတွေဝေပေးကြတယ်၊ စစ်​ရှာင်ကားတွေလက်ခံတဲ့ဘုန်းကြီးကျောင်းတွေကို အခမဲ့ပို့ပေးကြတယ်”လို့တောင်ကြီးဒေသခံတဦးက ပြောပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *