လွိုင်ကော်ကပြည်သူတွေ ဘေးလွတ်ရာ ရှောင်ရှား

၃၀ ဒီဇင်ဘာ၊၂၀၂၃

ကယားပြည်နယ်၊လွိုင်ကော်မြို့က စစ်ရှောင်သူတွေလာရောက်နေထိုင်ကြလို့ရှမ်း​ပြည်နယ်​​တောင်ပိုင်း၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆီဆိုင်မြို့မှာ အိမ်ငှားနေထိုင်သူတွေများလာပြီး၊ အိမ်ငှားခတွေစျေးနှစ်ဆကျော်မြင့်တက်သွားတယ်လို့ ဆီဆိုင်ဒေသခံအချို့ဆီက သိရပါတယ်။

အရင်တစ်သိန်းတန်အိမ်တွေအခု၊နှစ်သိန်းကျော်စျေးနဲ့ပေးငှားကြတယ်၊ခုငှားဖို့နေရယလွတ်တောင်ရမရှိကြတော့ဘူး၊ တစ်မြို့လုံး စစ်ရှောင်တွေနဲ့ပြည့်နေတယ်၊ ငွေကြေးတပ်နိုင်သူတွေအငှားများကြတာ ဝယ်ပြီးနေကြသူတွေလဲရှိကြတယ်”လို့ဆီဆိုင်မြို့ခံတဦးက ပြောပါတယ်။

ကယားပြည်နယ်လွိုင်ကော်မြို့က စစ်ရှောင်လာသူတွေ ဆီဆိုင် မြို့မှာအ​ခြေချနေထိုင်သူများ နေပီး၊အချို့ကဆိုင်ဖွင့်တာ၊အချို့ကရရာအလုပ်လုပ်ပြီးနေထိုင်ကြတာကြောင့် အိမ်ငှားခတွေစျေးတက်လာကြတာလို့ သိရပါတယ်။

အိမ်ငှားရမ်းခစျေးက လုံးချင်းအိမ်ဆိုအနည်းဆုံးတစ်သိန်းကျပ်ကနေ၃သိန်းအထိပေါက်စျေးရှိနေတယ်လို့ သိရပါတယ်။

“စစ်ဘေးရှောင်တွေအိမ်ငှားရင် ငွေ​ကြေးချမ်းသာတယ် တတ်နိုင်တယ်ထင်ပြီးအိမ်ငှားခပိုတောင်းကြတာလဲရှိတယ်၊ မငှားရဲကြတာလဲရှိတော့ ငှားဖို့ရှိသူတွေကကြိုက်စျေးတောင်းနေတော့ စျေးကတက်ပီပေါ့”လို့ဆီဆိုင်ဒေသခံတဦးက ပြောပါတယ်။

လက်ရှိဆီဆိုင်မြို့မှာစစ်ဘေးရှောင်စခန်းတွေမှာ နေရာလွတ်မရှိပြည့်နက်နေကြပြီး၊အချို့ကမြေကွက်လွတ်တွေမှာတဲထိုးပြီးနေထိုင်နေကြရတယ်လို့ သိရပါတယ်။

ဆီဆိုင်မြို့မှာ စစ်ဘေးရှောင်သူလူဦးရေသောင်းကျော်ရှိနေပြီး ဘုန်းကြီးကျောင်းတွေ၊ဓမ္မာရုံတွေလဲ စစ်ရှောင်တွေနဲ့ပြည့်နေတာကြောင့် အခြားမြို့တွေကိုသွားရောက်နေကြရတယ်လို့ စစ်ရှောင်လာသူအချို့ကပြောပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *