လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ က မြှုပ်ထားတဲ့  မြင်းရုပ်ကြွင်းတွေ ပြင်သစ်မှာ တူးဖော်တွေ့ရှိ

ရှေးဟောင်းသုတေသနပညာရှင်တစ်ယောက် လေ့လာနေပုံ
Photo Credit: INRAP

ပါရီ၊ မေ ၃၀

 ပြင်သစ်နိုင်ငံက ရှေးဟောင်းသုတေသနပညာရှင်တွေဟာ  လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ဝန်းကျင်က မြှုပ်ထားတဲ့ မြင်း ၂၈ ကောင်ရဲ့ အရိုးစုတွေကို  သင်္ချိုင်းမြေ နှစ်ခုကနေ တူးဖော်တွေ့ရှိခဲ့တယ်လို့ မေ ၂၉ရက်က ပြင်သစ် မီဒီယာတွေမှာ ဖော်ပြပါတယ်။

ခုချိန်ထိတော့ တူးဖော်ရေးက မပြီးသေးပဲ ဆက်ပြီး တူးဖော် ရှာဖွေနေတုန်းလို့ ဆိုပါတယ်။

ပြင်သစ်နိုင်ငံအလယ်ပိုင်းက ဗေလီဒူ ဆာ အန်ဒရာ ဆိုတဲ့ အရပ်မှာ တူးဖော်တွေ့ခဲ့တာ ဖြစ်ပြီး မြင်းတွေရဲ့ သေဆုံးရတဲ့အရင်းခံအကြောင်းကိုတော့ မလေ့လာရသေးဘူးလို့ ပြင်သစ်အမျိုးသားရှေးဟောင်း သုတေ သနသုတေသနဌာန (INRAP) ရဲ့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရေဒီယို ကာဗွန်စနစ်နဲ့ စမ်းသပ်ထားတဲ့ ရလဒ်အရကတော့  မြင်းတွေဟာ လွန်ခဲ့တဲ့  ဘီစီ ၁၀၀ ကနေ  အေဒီ ၁၀၀ကြား ကာလ ကလို့ အဖြေထုတ်ထားပါတယ်။

ရှေးဟောင်းသုတေသနပညာရှင်တွေ တူးဖော်အပြီး  တွင်းတစ်ခုထဲကနေ  မြင်း၁၀ကောင်ရဲ့အရိုးစု၊ တခြား နေရာက တစ်တွင်းမှာလည်း  မြင်း၁၀ကောင်ရဲ့ အရိုးစု ၁၀ တွေ့ထားပြီး တွေ့ရှိခဲ့ပြီး အားလုံးက  ခေါင်းတွေကို  တောင်ဘက်ကနေ မြောက်ဘက် ကို စီတန်းပြီး မြုပ်ထားတာတွေ့ရတယ်လို့သိရပါတယ်။

ဒီမြုပ်နှံမှုက မြင်းတွေ သေပြီး မကြာခင်မှာဘဲ မြုပ်ထားတာလို့ လည်း သုတေသနပညာရှင်တွေက ပြောပါတယ်။

Ref: CNN

ပုံစာ။ တူးဖော်တွေ့ရှိထားတဲ့ မြင်းအရိုးစုတချို့

Feaure Image Credit: INRAP

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *